သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ရွေးတုက တက်လာမယ့် အစိုးရသစ်ရဲ့ ပထမဦးဆုံး နိုင်ငံတော်အဆင့် လမ်းလျှောက်သင်္ကြန်ပွဲ နေပြည်တော်မှာ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

ရွေးတုက တက်လာမယ့် အစိုးရသစ်ရဲ့ ပထမဦးဆုံး နိုင်ငံတော်အဆင့် လမ်းလျှောက်သင်္ကြန်ပွဲ နေပြည်တော်မှာ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

Hsan Loi Editor
26/03/2026
Share:
စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရသစ်ရဲ့ ပထမဦးဆုံး နိုင်ငံတော်အဆင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို နေပြည် တော် ပြည်သူ့ရင်ပြင်မှာ စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ထိန်းချုပ်တဲ့ ရုပ်သံကနေ မနေ့က ထုတ်ပြန်ဖော်ပြလာပါတယ်။
May be an image of text that says 'MRTV NEWS လမ်းလေ့ာက် သကြန်း နေပြည်တော်'May be an image of elephant, temple and text that says 'လမ်းမယ် သမ်ကြန် MIRTV NEWS ဆင်ဖြူတော် စင်မြင့် 害有這團團團温面面 S ဆင်ဖြူတော် စင်မြင့် နေပြည်တော် လမ်းလျှောက်သင်္ကြန် ခင်စင်ချင်း မြန်မာ့ယဥ်ကျေးမူု ခုန် နေရာ တွင် ဆင်ပြုတော် စင်မြင့်မြင့် ကြိုဆို၍ မြန်မာ့ ရိုးရာ အလှ အပများဖြင့် သီဆို ဖျော်ဖြေမည်ဖြစ်ပါသည်။'
May be an image of temple and text that says 'EFMRTV လမ်းလရေမည် သင်္ကြန် NEWS မြန်မာ့ မြန်မာ့လက်ဖက် လက်ဖက် ြေ်မျာင်ှ မြန်မာ့လက်ဖက်- Brilliant Aura Co.ltd ၏ 2026 နေပြည်တော်လမ်းလျှောက်သ်ကြကန်တွင မြန်မာတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု အစားအစာ တစ်ခုဖြစ်သော "မြန်မာ့ လက်ဖက်" ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြင်ဆင်ပြသက လာရောက်လည်ပတ်သူများကိုလဲ တည်ခင်းစည့်စံ ကျွေးမွေးမည် ဖြစ်ပါသည်။'May be an image of one or more people, temple and text that says 'လမ်းမှတည် MRT RTV သမ်္ကြိန်း EFMRT NEWS မြန်မာ့ ထမနဲ မြန်မာ့ဆမနံ မြန်မာ့ ထမနဲ- Brilliant Aura Co.itd ၏ 2026 -နေပြည်တော်လမ်း‌လျှောက်သင်္ကြန် ကို ပိုမိုးထူးခြားစေရန် မြန်မာ့ရိုးရာ ထမနဲ မြန်မာ့ယဉ်ကျေးမှု ဇုန်တွင် လက်တွေ့ ပြင်ဆင် ထိုးပြမည်ဖြစ်ပြီး လာရောက်လည်ပတ်သူများကိုလဲ" မြန်မာ့ထမနဲ ဖြင့် တည်ခင်းစည့်စံ ကျွေးမွေးမည် ဖြစ်ပါသည်။'May be an image of slide, park and text that says 'အကြိန် MRTV NEWS H HAPPY HAPPYKIDZONE KID ZONE EGREAM နေပြည်တော်လမ်းလျှောက် သင်္ကြန်ပွဲတော် အတွင်း မိသားစုများ ပျော်ရွှင်စေရန် kids Zone ထားရှိမည်ဖြစ်ပြီး ရေလွှာလျှောကြီးများဒီမိုင်း စုံစွာ ထည့်သွင်းထားမည်ဖြစ်ပြီး Foam Machne များကို ထားရှိမည်ဖြစ်ပါသည်။'
ယခုနှစ်မှာ ကျင်းပမယ့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဟာ သာမန်ပျော်ပွဲရွှင်ပွဲထက်ပိုပြီး နိုင်ငံတော် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ကာ “စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်” အဖြစ် ဆင်နွှဲကြမယ့်ပွဲတော်လို့ ဆိုပါတယ်။
May be an image of floor plan, map and text
နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော်မှာ မဏ္ဍပ်ဇုန်၊ ဖျော်ဖြေရေးဇုန်၊ ကလေးကစားဇုန်၊ သနပ်ခါး သင်္ကြန်ဇုန်နဲ့ မြန်မာ့ရိုးရာယဥ်ကျေမှုဇုန် ဆိုပြီး ဇုန်အလိုက် သတ်မှတ်ထည့်သွင်းထားတယ်လို့ သိရပါတယ်။
May be an image of lighting, speaker and text that says 'လမ်းရှမည် EFMRTV MDy MRTV NEWS ㅋ입ㅋ전원분부 នន 国品吸 ERSABE လူငယ်များ ခေတ်ပေါ် သီချင်းများဖြင့် ပျော်ဖြူးနိုင်ရန် DJ မဏ္ထပ်လည်း ထည်သွင်းသွားမည်ဖြစ်ပါသည်။'
နိုင်ငံတဝန်းလုံးမှာ လမ်းလျှောက်သင်္ကြန်ပွဲ စီစဥ်ကျင်းပသွားမှာဖြစ်ပြီး သွားလာဖျော်ဖြေမယ့် အနုပညာရှင်တွေ အတွက်လည်း သီးခြား ရထားလက်မှတ် စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
Photo – MRTV