တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရွေးကောက်ပွဲ အပိုင်း ၂ ကို သျှမ်းပြည်နယ်က မြို့နယ် ၁၇ မြို့နယ်မှ ကျင်းပသွားမည်

ရွေးကောက်ပွဲ အပိုင်း ၂ ကို သျှမ်းပြည်နယ်က မြို့နယ် ၁၇ မြို့နယ်မှ ကျင်းပသွားမည်

Hsan Loi Editor
10/01/2026
Share:
အခုလာမယ့် ဇန်နဝါရီလ ၁၁ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၂ ကို သျှမ်းပြည်နယ်က မြို့နယ် ၁၇ မြို့နယ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
အပိုင်း ၂ ကို ရွာငံ၊ ဆီဆိုင်၊ ကလော၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ ရပ်စောက်၊ တန့်ယန်း၊ မိုင်းရယ်၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကိုင်၊ လဲချား စတဲ့ မြို့နယ် ၁၇ မြို့နယ်မှာ ကျင်းပသွားမှာပါ။
စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ အပိုင်း ၃ မှာ လုံခြုံရေးအင်အားတွေ ဖြည့်တင်းသွားမယ်လို့လည်း ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင် က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုထားပါတယ်။
သျှမ်းပြည်နယ်မှာ မြို့နယ် ၅၅ မြို့နယ်ရှိတဲ့အထဲ ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ် ၁၂ မြို့နယ်မှာ ကျင်းပပြီးစီးခဲ့ပြီး အပိုင်း ၂ ကို မြို့နယ် ၁၇ မြို့နယ်နဲ့ အပိုင်း ၃ ကို မြို့နယ် ၉ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်ကာ ရွေးကောက်ပွဲ လုံးဝ မကျင်းပနိုင်တဲ့ မြို့နယ် ၁၇ မြို့နယ်ရှိပြီး ရွေးကောက်ပွဲ အပြည့်အဝ မကျင်းပနိုင်တဲ့ မြို့နယ်က ၁၆ မြို့နယ်ရှိတယ်လို့ UEC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာတော့ သျှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၈ ခုမှာ ပြည်ခိုင်ဖြိုးပါတီ(USDP)က အနိုင်ရထားပြီး ပအိုဝ်းအမျိုး သား အဖွဲ့ချုပ်ပါတီ (PNO) က ၃ နေရာနဲ့ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)(SNDP)က ၁ နေရာ ရရှိထားတာဖြစ်ပါတယ်။
ဆန္ဒမဲပေးရာမှာ စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်တဲ့ ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ရန်နဲ့ ပညာတတ်ပြီး ဥပဒေကို သိရှိနားလည်တဲ့ ကိုယ်စား လှယ်လောင်းများ ရွေးချယ်မဲပေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ယမန်နေ့က ပဲခူးတိုင်း၊ ပန်းတောင်းခရီးစဥ်မှာ ပြောဆိုသွားခဲ့ပါသေးတယ်။