အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

ရွေးကောက်ပွဲအလွန် သမ္မတ လုပ်မှာလား ဆိုတဲ့အပေါ် စစ်ခေါင်းဆောင်က လွှတ်တော်ခေါ်တဲ့ခါကျမှ ပြောဖို့သင့်မယ်လို့ဆို

ရွေးကောက်ပွဲအလွန် သမ္မတ လုပ်မှာလား ဆိုတဲ့အပေါ် စစ်ခေါင်းဆောင်က လွှတ်တော်ခေါ်တဲ့ခါကျမှ ပြောဖို့သင့်မယ်လို့ဆို

Hsan Loi Editor
28/12/2025
Share:
ရွေးကောက်ပွဲအလွန်အခင်းအကျင်းမှာ သမ္မတ လုပ်မှာလား ဆိုတဲ့ မီဒီယာတွေရဲ့ မေးမြန်းချက်အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က လွှတ်တော်ခေါ်တဲ့ခါကျမှ ပြောဖို့သင့်မယ်လို့ ဖြေကြား သွားပါတယ်။
ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက်ရှိ မဲရုံ အမှတ်(၁) မှာ စစ်ခေါင်းဆောင် က ဆန္ဒမဲပေးပြီး ထွက်လာချိန်မှာ မီဒီယာရဲ့ မေးမြန်းမှုကို ယခုဖြေကြား သွားပါတယ်။
“ကျွန်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံဝန်ထမ်း၊ ကျွန်တော်ဘာမှ သွားပြီးတော့ လုပ် ချင်ပါတယ်၊ ပြုချင်ပါတယ်၊ သွားပြောလို့မရဘူး၊ နိုင်ငံရေးပါတီခေါင်းဆောင် မဟုတ်ဘူး။ ပြီးတော့ လွှတ်တော်ခေါ်တဲ့အခါကျမှ လွှတ်တော်ကနေပြီးတော့ သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ Process လေးရှိပါတယ်။ အဲဒီကျမှသာ ကျွန်တော်တို့ ပြောဖို့သင့်မယ်လို့ ယူဆပါတယ်” လို့ ပြောဆိုသွားပါတယ်။
ဒါ့အပြင် “ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးသင့်တယ်၊ မကြိုက်တဲ့လူကို မပေးနဲ့၊ ကြိုက်တဲ့သူကိုပေး ရတယ်၊ ဆန္ဒမဲ မပေးဘူးဆိုရင်တော့ ဒီမိုကရေစီစနစ်ကို အပြည့်အဝ နားမလည်ဘူးလို့ ယူဆလို့ရတယ်” လို့ စစ်ခေါင်းဆောင် က ပြောပါတယ်။