လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရွေးကောက်ပွဲမှာ ထောက်ခံသူရှိလို့ ပြည်သူတွေ မဲလာပေးကြတာ၊ နိုင်ငံခြားက အသိအမှတ်ပြုတာ မပြုတာ နားမလည်ဘူးလို့ စစ်ခေါင်ဆောင်ပြော

ရွေးကောက်ပွဲမှာ ထောက်ခံသူရှိလို့ ပြည်သူတွေ မဲလာပေးကြတာ၊ နိုင်ငံခြားက အသိအမှတ်ပြုတာ မပြုတာ နားမလည်ဘူးလို့ စစ်ခေါင်ဆောင်ပြော

Hsan Loi Editor
26/01/2026
Share:
ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း ၃ မှာ မန္တလေးတိုင်းရှိ ချမ်းမြသာစည်မြို့နယ်က မဲရုံတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က လိုက်လံကြည့်ရှု့ပြီး ရွေကောက်ပွဲမှာ ထောက်ခံသူရှိလို့ ပြည်သူ တွေမဲလာပေးကြတာဖြစ်ပြီး နိုင်ငံခြားက အသိအမှတ်ပြုတာ မပြုတာ နားမလည်ဘူးလို့ မီဒီယာတွေ ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
May be an image of one or more people, people studying and text
“မြန်မာပြည်ထဲမှာနေတဲ့ ပြည်သူက မဲပေးတာလေ၊ အပြင်ကလူတွေ မဲပေးတာမဟုတ်ဘူး၊ သူတို့(ပြည်သူ)တွေ ဘယ်သူ့ကိုထောက်ခံထောက်ခံ ကြိုက်တာထောက်ခံလို့ရတယ်၊ လာပေးတဲ့ သူတွေက ထောက်ခံချင်တဲ့လူရှိလို့ မဲလာပေးကြတာ၊ မဲလာပေးခြင်းမှာ ၂ ပိုင်းရှိပြီး ထောက်ခံချင်တဲ့လူ မရှိလို့ မဲလာမပေးကြသူက တစ်ပိုင်းနဲ့ လုံခြုံမှုအရ မဲလာမပေးကြတာက တစ်ပိုင်းရှိတယ်” လို့ဆိုပါတယ်။
May be an image of one or more people and newsroom
ဒါ့အပြင် နိုင်ငံခြားက အသိအမှတ်ပြုတာ မပြုတာ နားမလည်ဘူး၊ ပြည်သူက မဲပေးတာ ကျွန်တော်အသိ အမှတ်ပြုတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
နောက်တက်လာမယ့် အစိုးရအဖွဲ့ထဲမှာ ပါဝင်ဖို့ အခြေအနေနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို စစ်ခေါင်းဆောင် က ဆက်လက်ပါဝင်ဖို့ ငြင်းဆိုထားတာမရှိဘဲ လွှတ်တော်က ရွေးချယ်တဲ့ နည်းလမ်းနဲ့ ပဲ ဆက်သွယ်မယ်လို့ ဆိုပါတယ်။
တက်လာမယ့် အစိုးရသစ်အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် တိုင်းပြည်တိုးတက် ကောင်းမွန်ပြီး အေးချမ်းအောင် ဆောင်ရွက်ပေးဖို့နဲ့ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် လုပ်ဖို့ တာဝန်ရှိ သလို ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ဖို့ အရေးကြီးတယ်လို့ စစ်ခေါင်ဆောင် ကပြောပါတယ်။
လက်ရှိ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ နောက်ဆုံးပိုင်းကို နိုင်ငံတဝှမ်းက မြို့နယ် ၆၁ မြို့နယ် မှာ ကျင်းပနေတာပဲဖြစ်ပါတယ်။