ရွေးကောက်ခံသမ္မတ Trump ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာပဲ အမေရိကန်မှာ TikTok ပြန်လည် အသုံးပြုနိုင်ပြီဖြစ်တယ်လို့ Fox News သတင်းဌာနမှသိရပါတယ်။
အမေရိကန်မှာ Tik Tok ကို ပိတ်ပင်ဖို့ ဥပဒေအဖြစ် သမ္မတ ဂျိုးဘိုင်ဒန် က လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ သောကြာနေ့က တရားရုံးက လက်မှတ်ရေးထိုးအတည်ပြုကာ Tik Tok မှာ သတိပေးစာ ပေါ်လာပြီးနောက် အသုံးပြုလို့မရကြောင်း သိရပါတယ်။
တနင်္ဂနွေနေ့လယ်က Trump အား ဂုဏ်ပြုသော မက်ဆေ့ခ်ျအသစ်တစ်ခု သုံးစွဲသူများထံ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
“ ကြိုဆိုပါတယ်၊ “ မင်းရဲ့ စိတ်ရှည်သည်းခံမှုနဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်။ သမ္မတ Trump ရဲ့ ကြိုးပမ်းမှုကြောင့် TikTok ဟာ US ကို ပြန်လည်ရောက်ရှိလာပါပြီ” လို့ မက်ဆေ့ချ်မှာ ဖော်ပြလာပါတယ်။
Trump က ဒေသစံတော်ချိန် တနင်္လာနေ့ မွန်းတည့်ချိန်ခန့် US Capitol တွင် ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပြီး ၄၇ ယောက်မြောက် သမ္မတအဖြစ် တရားဝင် တာဝန်ယူမှာပဲ ဖြစ်ပါတယ်။