တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရွာငံ ဒေသခံ ၄ ဦးကို အမည်မသိအရပ်ဝတ်လက် နက်ကိုင်အုပ်စုက တစ်ပါတ်ကျော်ကြာသည့်အထိဖမ်းဆီးခေါ်ဆောင်သွား

ရွာငံ ဒေသခံ ၄ ဦးကို အမည်မသိအရပ်ဝတ်လက် နက်ကိုင်အုပ်စုက တစ်ပါတ်ကျော်ကြာသည့်အထိဖမ်းဆီးခေါ်ဆောင်သွား

Hsan Loi Editor
08/02/2026
Share:
သျှမ်းတောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ လယ်ကိုင်းရွာမှ ဒေသခံအရပ်သား ၄ ဦး ကို အမည်မသိအရပ်ဝတ်လက်နက်ကိုင်အုပ်စုက တစ်ပါတ်ကျော်ကြာသည့်အထိဖမ်းဆီးခေါ်ဆောင်သွား ပြီးယနေ့အထိ ပြန်လည်လွတ်မြောက် လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့၊ ည ၉ နာရီခွဲအချိန်ခန့်တွင် လယ်ကိုင်းရွာအတွင်းသို့ အရပ်ဝတ်လက်နက်ကိုင် လူတစ်စု ရောက်ရှိလာကာ ဒေသခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးဟု ဒေသခံတစ်ဦးကပြောသည်။
” ဒီဖက်မှာတော့ လက်နက် ကိုင်အဖွဲ့ဆိုလို့ စစ်တပ်နဲ့ pdf တွေရှိတယ် ၊ သူတို့ကို ဘာကြောင့်ဖမ်းတာလဲမသိဘူး ဖမ်းသွားပြီးတော့လည်း အခုထိဆက်သွယ်လာတာမရှိတော့ အသက်အန္တရာယ်စိုးရိမ်နေကြတယ်” ဟု ဒေသခံက ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ အသက် ၅၄ နှစ်အရွယ် ဦးစံရွှေမြင့်၊ အသက် ၄၃ နှစ်အရွယ် ဦးကျော်မိုးသူ၊ အသက် ၄၄ နှစ်အရွယ် မဝေဆုလှိုင်နှင့် အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦး (အမည်စုံစမ်းဆဲ) တို့ ဖြစ်ပြီး ၄င်းတို့ ၄ ဦးကို မည်သည့်အဖွဲ့အစည်းက မည်သည့်အ ကြောင်းရင်းကြောင့် လာရောက်ဖမ်းဆီးသွားသည်ကို အတိ အကျ မသိရှိရသေးဘဲ ဖမ်းဆီးခံရပြီး တစ်ပတ်ကြာမြင့်သည်အထိ သတင်းအစအန ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်ကလည်း ရွာငံမြို့နယ် မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ၄င်း၏ နေအိမ်တွင်လုပ်ကြံသတ်ဖြတ်ခံရပြီး အဆိုပါအမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ကြောင်း အများပြည်သူသိရှိခြင်းမရှိသလို အ တည်ပြုနိုင်ခြင်းမရှိသေးဟု သိရသည်။
ရွာငံမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးပူး ပေါင်းတပ် ၊ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLF နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ် ရေးတပ် DSNDA) စသည့် လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှား လျှက်ရှိသည်။