သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ရွာငံမြို့နယ်တွင် အိမ်စီးကားတစ်စီး မတော်တဆမှုဖြစ်ပွား ၊ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံး 

ရွာငံမြို့နယ်တွင် အိမ်စီးကားတစ်စီး မတော်တဆမှုဖြစ်ပွား ၊ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံး 

Hsan Loi Editor
09/11/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ၊ မြိုင်ကျေး ရွာမြောက်ဘက်အနီးတွင် နိုဝင်ဘာ ၈ရက်နေ့ ည ၆နာရီခွဲ ဝအချိန် ခန့်က အိမ်စီးကားတစ်စီးမတော် တဆမှုဖြစ်ပွားခဲ့ရာအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည် ။

 

အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့သောအိမ်စီးကားပေါ်တွင် အမျိုးသား ၂ဦး ၊အမျိုးသမီး ၂ဦး စုစု ပေါင်း လူ ၄ ဦးလိုက်ပါစီးနင်းလာခဲ့ရာ အမျိုး သား၂ဦးမှာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၂ဦးအနက် ၁ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

 

အခင်းဖြစ်ပွားရာနေရာသို့ ရွာငံမြို့နယ် လူမှုကယ် ဆယ်ရေးအဖွဲ့က ကူညီကယ်ဆယ်ရေးများလုပ် ဆောင် ပေးလျှက်ရှိပြီး သေဆုံးသူရဲ့ရုပ်အလောင်းကို ရွာငံဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။

 

” အခုဖြစ်သွားတဲ့ကားကအရှိန်ပြင်းပုံရတယ် ကားဘီးတွေတောင်ကျွတ်ထွက် ကုန်တယ် ၊ ဒီရာသီကပွင့်လင်းရာသီဆိုတော့ ပြည်တွင်း ခရီးသွားကားတွေများတယ်လေ ရွာငံ ၊ ကလော၊ အောင်ပန်း ၊ ဟိုပုံးလမ်းတွေမှာ ယာဥ်မတော်တဆမှုကနေ့တိုင်းလိုလိုဖြစ်နေကြတယ် ၊ သတိ ထား ပြီးမောင်းကြပါ ” ဟု သျှမ်းတောင်ဒေသခံတစ်ဦးက ပြောသည် ။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက် နေ့ကလည်းတောင်ကြီး – ဟိုပုံးပြည်ထောင်စု လမ်းမကြီး ဂျမ်းတုံးကွေ့တွင် ထမ်းစမ်းဂူသို့ ဘုရားဖူး လာရောက်သည့် ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါ လာသော ဘုရားဖူး ၂၅ ဦး အနက် အမျိုး သမီး (၁၅) ဦး ပြင်းထန်ဒဏ်ရာ များ ရရှိခဲ့ပြီး၊ ကျန် ၁၀ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

ယခုအချိန်သည် ပွင့်လင်းရာသီဖြစ်သည့်အတွက် သျှမ်းပြည်နယ်တောင်ပိုင်း ဒေသသို့ ပြည်တွင်းခရီးသွားယာဥ်များ နေ့စဥ်အများအပြားဝင်ရောက်လာသောကြောင့်မော်တော်ယာဉ်အန္တရယ် အတွက်ဒေသခံများကသတိ ပေးထားသည် ။