သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ရေကြီးရေလျှံမှုကြောင့် မိုင်းကိုင်-နမ့်လန် လမ်းပေါ်ရှိ ဆားတောတံတားကျိုးပြီ

ရေကြီးရေလျှံမှုကြောင့် မိုင်းကိုင်-နမ့်လန် လမ်းပေါ်ရှိ ဆားတောတံတားကျိုးပြီ

Hsan Loi Editor
02/10/2024
Share:

 

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် သျှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအနီး မိုင်းကိုင်-နမ့်လန် ကားလမ်းမပေါ်ရှိ ဆားတောတံတားသည် အောက်တိုဘာလ(၁)ရက်နေ့ ယမန်နေ့က ပြိုကျပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် သျှမ်းပြည်နယ်တောင်ပိုင်းကို ခရီးသွားလာရာတွင် အသုံးပြုသော နမ့်လန်-မိုင်းကိုင်လမ်းသည်လည်း ဖြတ်သန်းသွားလာနိုင်တော့မည်မဟုတ်ပါ။

 

“စက်တင်ဘာလ(၃၀)ရက်နေ့ကတည်းက မိုးပြန်ရွာလာလို့ ရေပြန်ကြီးလာပြီးတော့ တုံလောတံတား ပြိုကျပျက်စီးသွားပြီ။ ကားရော၊ ဆိုင်ကယ်ရော သွားလို့ လုံးဝမရတော့ဘူး။ ပန်လော့ရွာနားမှာလည်း လမ်းပေါ်အထိ ရေတက်လာပြီးတော့ လမ်းတွေ ပျက်စီးကုန်ပြီ။ မနေ့ကဆိုရင် ရေကြီးပြီးတော့ ကျွဲတွေ နွားတွေတောင် ရေထဲမျှောပါသွားတာတွေရှိတယ်။ စပါးခင်းတွေလည်း ပျက်စီးကုန်ပြီ။”ဟု တုံလောကျေးရွာမှ ဦးစိုင်းလုံက ပြောပြသည်။

 

တုံလောတံတား ကျိုးကျပျက်စီးမှုကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် သျှမ်းပြည်နယ်တောင်ပိုင်းကို ခရီးသွားလာရန် ပိုမိုခက်ခဲစေကြောင်း သိရသည်။