သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ရာသီဥတုအခြေအနေကြောင့် တောင်ကြီးတန်ဆောင် တိုင် မီးပုံးပျံပွဲတော်ကို ၁၁ ရက်နေ့မှာ ပြောင်းလဲကျင်းပမည်ဟုဆို

ရာသီဥတုအခြေအနေကြောင့် တောင်ကြီးတန်ဆောင် တိုင် မီးပုံးပျံပွဲတော်ကို ၁၁ ရက်နေ့မှာ ပြောင်းလဲကျင်းပမည်ဟုဆို

Hsan Loi Editor
09/11/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ရိုးရာတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ယခင်က နိုဝင်ဘာလ (၉)ရက်မှ (၁၅)ရက် အထိ ကျင်းပရန်စီစဉ်ထားပေမယ့် ရာသီဥတု အခြေအနေကြောင့် နိုဝင်ဘာလ(၁၁)ရက်မှ (၁၇)ရက်နေ့အထိ (၇)ရက်တိုင်တိုင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း မီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။

 

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် ညလွှတ်မီးပုံးပျံ ညမီးကြီး(၂၆)လုံး၊ စိန်နားပန် မီးပုံးပျံ (၂၁)လုံး စုစုပေါင်းအလုံးရေ (၄၇)လုံးနှင့် နေ့လွှတ်အရုပ် မီးပုံးပျံတွင် ခြေနှစ်ချောင်း (၁၄၇)လုံး၊ ခြေလေးချောင်း (၄၀)လုံး၊ အရုပ်အုပ်စု (၂၂)လုံး စုစုပေါင်း (၂၀၉)လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နှစ်စဉ် ကျင်းပလာတဲ့ တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်သည် COVID ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် ပွဲတော်ကို (၃)နှစ်နားထားခဲ့ရပြီး ယမန်နှစ် ၂၀၂၃ ခုနှစ်နှင့် ယခုနှစ် ၂၀၂၄ ခုနှစ်မှာ ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။