အီရန်သမ္မတ ရိုင်ဆီနှင့် နိုင်ငံခြားရေးဝန်ကြီးများလိုက်ပါလာသော ရဟတ်ယာဉ် မေလ ၁၉ ရက်နေ့က ပျက်ကျကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။
သမ္မတ ရိုင်ဆီနှင့် အဖွဲ့ဝင်များသည် နှစ်နိုင်ငံနယ်စပ်က ရေကာတာစီမံကိန်းဖွင့်ပွဲအတွက် အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev နဲ့ သွားရောက်တွေ့ဆုံအပြီး အပြန်နှစ်နိုင်ငံနယ်စပ်အနီး အီရန်နိုင်ငံအနောက်ပိုင်းရှိ တောင်တန်းဒေသဖြစ်သော အရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာ ရဟတ်ယာဥ်ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။
အီရန် သမ္မတရိုင်ဆီ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်တခြား ၇ ဦးပါပြီး အားလုံးသေဆုံးစေခဲ့သော ပျက်ကျရဟတ်ယာဉ်သည် ၁၉၆၀ ခုနှစ်နှောင်းပိုင်းက စတင်သုံးစွဲခဲ့တဲ့ အမေရိကန်လုပ် Bell 212 ရဟတ်ယာဉ်ဟောင်း
ဖြစ်နိုင်ကြောင်း ခရီးထွက်ရင်း CNN စစ်ဘက်လေ့လာသုံးသပ်သူ Cedric Leighton က ဆိုသည်။
အီရန်ထိပ်သီးပုဂ္ဂိုလ် များပါဝင်သော ၎င်း VIP ခရီးစဉ်မှာ ဘာကြောင့် အမေရိကန်ရဟတ်ယာဉ်ဟောင်းကြီး အသုံးပြုသည်ကို စဉ်းစားစရာဖြစ်သည်။
