သျှမ်းပြည်နယ်တောင်ပိုင်းရပ်စောက်-နောင်ချိုလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်းမပြုရန် ဓနုပြည်သူ့လွတ်မြောက်ရေတပ်ဦး ( DPLF) က နိုဝင်ဘာ ၁ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။
သျှမ်းပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားနေသောတိုက်ပွဲအတွက် စစ်ကောင်စီက ထောက်ပို့လမ်း ကြောင်းဖော်ဆောင်မည်ကို မလိုလားသောကြောင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ၏ လှုပ်ရှားနယ်မြေများမှ တားဆီးမည်ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် လမ်းသွားလမ်းလာ အများပြည်သူများ ထိခိုက်မှုမရှိစေရန် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် လက်ရှိ
ပင်းတယ-ရပ်စောက်-ရွာငံ-နောင်ချိုမြို့နယ်အတွင်းအခြေစိုက်လှုပ်ရှားနေကြောင်းသိရသည်။