သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ရပ်စောက်မှ မန္တလေးသို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား(၁၅)သိန်းပြား ငွေကျပ်တန်ဖိုး(၇၅၀၀)သိန်းအား နောင်ချိုမြို့နယ် ဒုဌဝတီတံတားအနီးတွင် ဖမ်းဆီးရမိ

ရပ်စောက်မှ မန္တလေးသို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား(၁၅)သိန်းပြား ငွေကျပ်တန်ဖိုး(၇၅၀၀)သိန်းအား နောင်ချိုမြို့နယ် ဒုဌဝတီတံတားအနီးတွင် ဖမ်းဆီးရမိ

Hsan Loi Editor
09/05/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့မှ နောင်ချိုမြို့သို့ သယ်ဆောင်ပြီး ထိုမှတဆင့် မန္တလေးမြို့သို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား(၁၅)သိန်းပြားအား နောင်ချိုမြို့နယ် ဒုဌဝတီတံတားအနီး၌ မေလ(၃)ရက်နေ့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ CCDAC Myanmar က ဖော်ပြခဲ့သည်။

 

မေလ(၃)ရက်နေ့က ရပ်စောက်မြို့မှ နောင်ချိုမြို့သို့ ယာဉ်မောင်းညီညီအောင် မောင်းနှင်လာသော Light Truck ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် မောင်းနှင်ထွက်ပြေးခဲ့သောကြောင့် နောင်ချိုမြို့နယ် မကျီးရေကျေးရွာအနီးအရောက်၌ လမ်းချော်ပြီး တိမ်းမှောက်ခဲ့သည်ဟု သိရသည်။

 

မိုင်တိုင်အမှတ် ၁၁၇/၃ အနီး တိမ်းမှောက်ခဲ့သော အဆိုပါယာဉ်အား စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က ရှာဖွေစဉ် ယာဉ်ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား(၁၅)သိန်းပြား ငွေကျပ်တန်ဖိုး(၇၅၀၀)သိန်းအား တွေ့ရှိခဲ့သည်။ ထို့ကြောင့် ယာဉ်မောင်းဖြစ်သူ ညီညီအောင်အား ဖမ်းဆီးထားပြီး ကွင်းဆက်သယ်ဆောင်ခိုင်းသူများအား ဆက်လက်စုံစမ်းနေကြောင်း ဖော်ပြခဲ့သည်။

 

များပြားလှသော မူးယစ်ဆေးဝါးများကို စစ်ကောင်စီအဖွဲ့အပြင် လက်နက်ကိုင်ပေါင်းစုံရှိသော ရပ်စောက်-နောင်ချိုလမ်းပေါ် သယ်ဆောင်လာခြင်းသည် သံသယဖြစ်စရာဖြစ်သည်။