၂၀၂၃ ခုနှစ် မတ်လ (၄) ရက်နေ့ ယနေ့ နံနက်ပိုင်း (၅) နာရီခန့်တွင် ရန်ကုန်မြို့မှ သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇ တွင် မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မတော်တဆမှုကြောင့် ယာဉ်ပေါ်လိုက်ပါစီးနင်းသူ (၅) ဦး ဖြစ်စဉ်ဖြစ်ပွားသော နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့သည်။ ဒါ့အပြင် ယာဉ်ပေါ်ပါသော ခရီးသည် (၃၀) ဦးခန့်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆွာမြို့နယ် ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိသလို ဒဏ်ရာပြင်းထန်သူများကို နေပြည်တော်ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။
