တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရန်ကုန်တိုင်းအတွင်းရှိ မဲရုံတွေကို စစ်ခေါင်းဆောင် လိုက်လံကြည့်ရှု့

ရန်ကုန်တိုင်းအတွင်းရှိ မဲရုံတွေကို စစ်ခေါင်းဆောင် လိုက်လံကြည့်ရှု့

Hsan Loi Editor
11/01/2026
Share:
ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စတင်ကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ရန်ကုန်တိုင်းအတွင်းရှိ မဲရုံတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုက်လံကြည့်ရှုနေတယ်လို့ စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်က ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ လှိုင်မြို့နယ်ရှိ အမှတ်(၁၆)ရပ်ကွက်၊ မဲရုံအမှတ်(၃) နဲ့ (၄) အပြင် အင်းစိန်မြို့နယ် မြို့သစ်(က+ခ)ရပ်ကွက်ထဲက မဲရုံအမှတ်(၁)နဲ့ (၄) တွေမှာ စစ်ခေါင်းဆောင်က လိုက်လံကြည့်ရှု့နေတာပါ။
အခု ကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ရန်ကုန်အတွင်းက ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နဲ့ အင်းစိန်မြို့နယ် စတဲ့ မြို့နယ် ၁၆ မြို့နယ် ပါဝင်ပြီး မဲရုံ ၁၁၇၁ ရုံ ဖွင့်လှစ်ကာ မဲပေးသူ ၁၅ သိန်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကနေ သိရပါတယ်။