တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်တွင် အိမ်အကူ (၂) ဦးမှ အိမ်ရှင်အားရိုက်သတ်ပြီး ကျပ်သိန်း (၅၀၀) ယူပြေးဟုဆို

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်တွင် အိမ်အကူ (၂) ဦးမှ အိမ်ရှင်အားရိုက်သတ်ပြီး ကျပ်သိန်း (၅၀၀) ယူပြေးဟုဆို

Hsan Loi Editor
12/05/2023
Share:

 

(၁၀.၅.၂၀၂၃) ရက်နေ့ ညနေ (၄) နာရီခန့် မိုးရွာနေချိန်၌ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် (၄၀) ရပ်ကွက်၊ သိန္ဒီလမ်းရှိ နေအိမ်တစ်လုံးတွင် အိမ်အကူအမျိုးသမီး (၂) ဦးမှ အသက် (၃၂) နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကို ရိုက်သတ်ခဲ့ကြောင်း သိရသည်။ အိမ်ရှင်အမျိုးသမီးသေဆုံးပြီးနောက် ငွေကျပ်သိန်း (၅၀၀) ကို ယူဆောင်ပြီး ထွက်ပြေးသွားခဲ့သည်ဟုဆိုသည်။

သေဆုံးသူအမျိုးသမီးတွင် အသက် (၂) နှစ်အရွယ် သားငယ်တစ်ဦးကျန်ရစ်နေခဲ့ကြောင်း သိရသည်။ ၎င်း၏ အမျိုးသားဖြစ်သူသည် ကန်ထရိုက်တာတစ်ဦးဖြစ်ပြီး ကလေးနှင့်ဇနီးကို အိမ်အကူနှင့်ထားခဲ့ချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကလေးငယ်ကို တစ်စုံတစ်ရာအန္တရာယ်ပြုခြင်းမပြုသွားဘဲ ငွေကြေးများကိုသာ ယူဆောင်သွားသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း ဒုစရိုက်မှုများ ပိုမိုများပြားလာခဲ့ပြီး နေ့ခင်းကြောင် တောင် လုယက်များလည်း မကြာခဏဖြစ်ပေါ်လျက်ရှိသည်။