တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရန်ကုန်တက္ကသိုလ်က စစ်ခေါင်းဆောင်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ခြင်းအပေါ် ရန်ကုန်တက္ကသိုလ်ကျောင်းသား ၊ဆရာအင်အားစုများက ပြင်းထန်စွာရှုတ်ချ

ရန်ကုန်တက္ကသိုလ်က စစ်ခေါင်းဆောင်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ခြင်းအပေါ် ရန်ကုန်တက္ကသိုလ်ကျောင်းသား ၊ဆရာအင်အားစုများက ပြင်းထန်စွာရှုတ်ချ

Hsan Loi Editor
06/02/2026
Share:
ယမန်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ပေးအပ်ခြင်းအပေါ် ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ဝန်ထမ်း၊ ဆရာအင်အားစုများက ပြင်းထန်စွာရှုတ်ချတယ်လို့ ပူးတွဲထုတ်ပြန်ထားပါတယ်။
No photo description available.
စစ်ခေါင်းဆောင်ကို စစ်အုပ်စု ခန့်ထားတဲ့ လက်အောက်ခံ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က အထူး ဘွဲ့နှင်းသဘင် ကျင်းပပြီး ဂုဏ်ထူးဆောင်ပေးအပ်တာဟာ စစ်အုပ်စုကို မျက်နှာချိုသွေးကာ ဘွဲ့တံဆိပ်ကို တံစိုးလက်ဆောင်အဖြစ် ရောင်းစားခြင်းအား ရှုတ်ချတယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းတွေကို ဗုံးကြဲနေတဲ့ စစ်ရာဇဝတ် တရားခံ စစ်ခေါင်းဆောင်ရဲ့ ကိုယ်မှာ ကျောင်းသူ/သား တို့ရဲ့ သွေးများစွန်းပေပြီး သွေးစွန်းတဲ့ လက်နဲ့ကိုင်တွယ်ခဲ့တဲ့ ဘွဲ့လက်မှတ်သည်လည်း ဂုဏ်သိက္ခာကင်းမဲ့ခဲ့ရကာ ဘွဲ့နှင်း သဘင်ခန်းမမှာလည်း သွေးညှီနံ့များ လှိုင်နေပြီလို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
May be an image of one or more people and text that says 'ဘွဲ့နှင်းသဘင်ခန်းမ U'
စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ စစ်ကျွန်ပညာရေးစနစ်သည်လည်း သက်ဆိုးရှည်နေမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းမှသာလျှင် ကျွန်ုပ်တို့ အားလုံးနဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီ ပညာရေးစနစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊ ရန်ကုန်တက္ကသိုလ်ဆရာ၊ဆရာမများအသင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) က ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ချီးမြင့်ရခြင်းမှာ “မိမိတို့နိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျ စီမံခန့်ခွဲဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်များကြောင့်ဖြစ်တယ်” လို့ ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန် က ပြောပါတယ်။