သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်တော်(AA) က ပြုလုပ်သော ပထမဆုံးအကြိမ် အရာရှိသင်တန်းပြီးဆုံး၍ သင်တန်းဆင်းပွဲပြုလုပ်

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်တော်(AA) က ပြုလုပ်သော ပထမဆုံးအကြိမ် အရာရှိသင်တန်းပြီးဆုံး၍ သင်တန်းဆင်းပွဲပြုလုပ်

Hsan Loi Editor
24/05/2024
Share:

 

ရက္ခိုင်တပ်တော်(AA)က ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်သင်ကြားသည့် အရာရှိလေ့ကျင့်ရေးသင်တန်းပြီးဆုံး ဖြစ်သောကြောင့် မေလ(၂၀)ရက်နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါက အမှတ်စဉ်(၃) အရာရှိလေ့ကျင့်ရေးသင်တန်းကို ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး၊ စိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားက ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသူ သင်တန်းသား(၃၂၆)ဦး တက်ရောက်သင်ကြားခဲ့သည်ဟုဆိုသည်။

 

အရာရှိလောင်းသင်တန်းကို ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ထိုမှတဆင့် ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့ကစပြီး အရာရှိသင်တန်းတစ်ဆက်တည်းပြုလုပ်ခြင်းဖြစ်ကာ စုစုပေါင်း သင်တန်းကာလ (၁)နှစ်နှင့် (၇)လ နီးပါး ကြာမြင့်ခဲ့သည်ကို ယမန်နေ့ AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

AA ၏ အရာရှိသင်တန်း၊ အမှတ်စဉ်(၄)နှင့် အခြေခံစစ်ပညာသင်တန်းများကို အကြာခင်ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။