အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

စုံရက်၊ မရက် ယာဥ်မောင်းနှင်ရေး ညွှန်ကြားချက် မလိုက်နာပါက ထောင်ဒဏ် ၁ လနှင့် ငွေဒဏ် ၂ သောင်း ချမှတ်အရေးယူရန်စစ်ကောင်စီ အမိန့်ထုတ်

စုံရက်၊ မရက် ယာဥ်မောင်းနှင်ရေး ညွှန်ကြားချက် မလိုက်နာပါက ထောင်ဒဏ် ၁ လနှင့် ငွေဒဏ် ၂ သောင်း ချမှတ်အရေးယူရန်စစ်ကောင်စီ အမိန့်ထုတ်

Hsan Loi Editor
07/03/2026
Share:
စစ်ကောင်စီ၏ စက်သုံးဆီချွေတာရေး အစီအစဉ်အရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် စုံရက်နှင့် မရက် နံပါတ်ပြားအလိုက် ယာဉ် မောင်းနှင်ခြင်းမရှိသူများကို ထောင်ဒဏ် ၁ လ (သို့မဟုတ်) ငွေဒဏ် ကျပ် ၂ သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်အရေးယူရန် လျှို့ဝှက်အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါအမိန့်ကို မတ်လ ၆ ရက်နေ့စွဲဖြင့် လျှို့ဝှက်အမိန့်အရထွက်ရှိထားပြီးအရေးယူဆောင်ရွက်ရန်အတွက် ဌာနစုံ ပါဝင်သော One Stop Service အဖွဲ့များကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ယင်းအဖွဲ့တွင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တရားရေးဌာန၊ ဥပဒေရုံး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
စစ်ဆေးမှုများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် One Stop Service အဖွဲ့ ၂ ဖွဲ့ (သို့မဟုတ်) ၃ ဖွဲ့ဖြင့် နေရာခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျန်နယ်မြို့များတွင်မူ One Stop Service အဖွဲ့ ၁ ဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
စက်သုံးဆီချွေတာရေးအမိန့်အရ ပညာပေးကာလအဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိကို အသိပညာပေးကာလအဖြစ် သတ်မှတ်ထားကြောင်း၊ အရေးယူမှုများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ အမိန့်မထုတ်ပြန်မချင်း ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ထားသော အမိန့်ကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်သူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ One Stop Service အဖွဲ့က တိုက်ရိုက်အရေးယူမည်ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် ၁ လနှင့် ငွေဒဏ် ကျပ် ၂ သောင်း “ ဒဏ်နှစ်ရပ်လုံး” ကို မပျက်မကွက် ကျခံစေရမည်ဟု အဆိုပါ လျှို့ဝှက်အမိန့်တွင် ဖော်ပြထားသည်။
ယနေ့ မတ်လ ၇ ရက်တွင် စက်သုံးဆီ ချွေတာနိုင်ရန် စုံရက်၊ မရက် စနစ်ဖြင့် အိမ်စီးကားများ မောင်းနှင်ခြင်းကို ယနေ့စတင်ပြီဖြစ်သည်ဟု သိရသည်။
“ တောင်ကြီး မြို့မစျေးမီးပွိုင့်မှာတော့ ဒီနေ့မနက်ပိုင်းမှာစုံ/မ ကိစ္စကို အဖွဲ့စုံ စစစ်နေပြီ သတိရှိကြပါ” ဟု တောင်ကြီး မြို့ခံတစ်ဦးက သတိပေးထားသည်။
စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း/ စျေးပိုတင်ရောင်းချခြင်းကိုလည်း လုံးဝမပြုလုပ်ရန် တားမြစ်ထားသည်။
Photo – တောင်ကြီး မြို့တစ်နေရာ