သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ယမန်နေ့ ဇူလိုင်လ (၁၉) ရက်နေ့က သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ယမန်နေ့ ဇူလိုင်လ (၁၉) ရက်နေ့က သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Hsan Loi Editor
20/07/2023
Share:

 

ယမန်နေ့ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၈း၃၀) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ကောင်စီအဖွဲ့၏ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်၌ ကွတ်ခိုင်မြို့မှ မန္တလေးသို့ မောင်းနှင်လာသည့် TOYOTA Landcruiser PRADO ကားအား ရပ်တန့်စစ်ဆေးရာမှ စိတ်ကြွမူးယစ်ဆေးပြား(၂၄၀,၀၀၀) ပြား ငွေကျပ်တန်ဖိုး သိန်း(၁၂၀၀) အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယာဉ်မောင်းဖြစ်သူ စိုင်းသန်းထွေးလေးနှင့် လိုက်ပါစီးနင်းသူ ကျော်ဇေယျ(ခ) ရွှေကူးအား ဖမ်းဆီးထားသည်ဟု ဆိုသည်။

အလားတူ ယမန်နေ့ကပင် သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာရှိ နေအိမ်တစ်အိမ်အား စစ်ကောင်စီအဖွဲ့၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့က ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွမူးယစ်ဆေးပြား(၃၃၈,၀၀၀)ပြား ငွေကျပ်တန်ဖိုး (၁၃၅၂) သိန်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးနှင့်အတူ မနန်ဆောင်ရစ် စကွန်မာလိထောင်းအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးအရေးယူထားသည်ဟု ဆိုသည်။

သျှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးများအား နေ့စဉ်နှင့်အမျှ ဖမ်းဆီးရမိနေသော်လည်း မူးယစ်ဆေးဝါးများ အဓိကထုတ်လုပ်ရောင်းချနေသည့် နေရာများအား ရှာဖွေဖျက်ဆီးနိုင်ခြင်းတော့ မရှိပါ။