သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ယနေ့ပြည်တွင်းစက်သုံးဆီ ဒီဇယ်ဆီ တစ်လီတာကျပ် ၁၀၀၀ မြင့်တက်လာ

ယနေ့ပြည်တွင်းစက်သုံးဆီ ဒီဇယ်ဆီ တစ်လီတာကျပ် ၁၀၀၀ မြင့်တက်လာ

Hsan Loi Editor
13/04/2026
Share:
ဒီကနေ့ ဧပြီလ ၁၀ ရက်မှာ ပြည်တွင်းစက်သုံးဆီစျေးနှုန်း ဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၁၀၀ ကျော်မှ ကျပ် ၁၀၀၀ အထိမြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့ရဲ့ ဒီကနေ့စက်သုံးဆီ ရည်ညွန်းစျေးနှုန်းမှာ ဒီဇယ်ဆီ တစ်လီတာကို ကျပ် ၅၈၀၀ ကနေ ၆၆၅၅ ကျပ်နဲ့ ၈၀၀ ကျော် မြင့်တက်သွားကာ ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာကို ကျပ် ၆၉၃၀ ကနေ ၇၉၃၀ ကျပ်အထိ တစ်ထောင်ကျပ် မြင့်တက်လာတာဖြစ်ပါတယ်။
အလားတူ ဓါတ်ဆီ 92 တစ်လီတာကို ကျပ် ၄၇၅၀ ကနေ ယနေ့မှာတော့ ကျပ် ၄၉၁၀ ထိဖြစ်ကာ ကျပ် ၁၆၀ မြင့်တက်သွားပြီး ဓါတ်ဆီ 95 အမျိုးအစား တစ်လီတာကို ကျပ် ၄၉၀၅ ကနေ ယနေ့ ၅၁၂၅ ကျပ်အထိ ကျပ် ၂၀၀ ကျော် မြင့်တက်လာခဲ့တာတွေ့ရပါတယ်။
ဧပြီလ ၃ ရက်နေ့ကစပြီး ယာဉ်တွေကို ခရီးအကွာအဝေးအလိုက် ကန့်သတ်ရောင်းချတဲ့စနစ်ကြောင့် ကုန်စည်စီးဆင်းမှုစရိတ်တွေ မြင့်တက်လာပြီး အခြေခံကုန်ဈေးနှုန်းတွေအပေါ် ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
အထူးသဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ဆီဈေးမြင့်တက်မှုနဲ့ ဝယ်ယူရ ခက်ခဲမှုတွေကြောင့် စိုက်ပျိုးလုပ်ငန်းနဲ့အခြားလုပ်ငန်းတွေ အဆင်မပြေဖြစ်ကာ စီးပွားရေး ထိခိုက်လာနိုင်တယ်လို့ တောင်သူလယ်သမားတွေက ဆိုပါတယ်။