သျှမ်းတောင် ရပ်စောက်မြို့နယ် နောင်ဝိုင်းရွာ၌ ယနေ့နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများပါ ကျရောက်ခဲ့သောကြောင့် ရွာခံများ၏ နေအိမ်အချို့ ပျက်ဆီးသွားခဲ့ကြောင်း သိရပါသည်။
“ မတ်လ ၁၄ ရက် နံနက်ပိုင်း ၂ နာရီကနေ ၃း၀၉ နာရီထိ မိုးနဲ့အတူ မိုးသီးတွေကျပါလာတယ်။ အရမ်းကြောက်ဖို့ ကောင်းပါတယ် တခါမှ မကြုံဖူးပါဘူး” ဟု နောင်ဝိုးရွာခံ တဦးက ရေးသားဖော်ပြထားပါသည်။
ထိခိုက်ပျက်ဆီးဆုံးရူံးမှုများကို မသိရသေးပါ။

Photos: Aye Kham Aon