ယနေ့ ဩဂုတ်လ (၂) ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် စစ်ကောင်စီ၏ လေတပ်မှ ရဟတ်ယာဉ်တစ်စီးပျံတက်စဉ် မတော်တဆပျက်ကျပြီး ရဟတ်ပေါ်လိုက်ပါသော တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးတင့်နှင့် လေယာဉ်မှူး(၂)ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရဟတ်ယာဉ်ပျက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။