သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက ယနေ့ညမှာကြေညာ

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက ယနေ့ညမှာကြေညာ

Hsan Loi Editor
03/09/2024
Share:

 

အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အာရက္ခတပ်တော် (ULA/AA) လက်နက်ကိုင်အဖွဲ့ အား အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းခြင်းကို ဖယ်ဖျက်ပြီး အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်သလို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) အဖွဲ့တို့ကိုလည်း အကြမ်းဖက် အဖွဲ့အဖြစ်သတ်မှတ်ကြောင်း စက်တင်ဘာလ(၂)ရက် ယနေ့ည(၈)နာရီ စစ်ကောင်စီ၏ ရုပ်သံသတင်းမှာ ကြေညာခဲ့ပါသည်။

 

အများပြည်သူ၏ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဥ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူ အသုံးပြုလျက်ရှိသော လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးခြင်း၊ လူနေထူထပ်သော မြို့ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် အတင်းအဓ္ဓမ လူသစ်စု ဆောင်းခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ကျုးလွန်လျက်ရှိခြင်းကြောင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ MNDAA၊ AA နဲ့ TNLA တို့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာကြောင်း ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားကြောင်း သိရပါသည်။