မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြပွဲကို အောက်တိုဘာလ ၁၀ ရက် နေ့တွင် ကျင်းပခဲ့ပြီး ကင်မ်မျိုးရိုး အာဏာရှင်စနစ်အောက်တွင် အုပ်ချုပ်နေသည့် တစ်ခုတည်းသော နိုင်ငံရေးပါတီဖြစ်တဲ့ အလုပ်သမားပါတီ၏ နှစ် ၈၀ ပြည့်နှစ်ပတ်လည်ကို ဂုဏ်ပြုကျင်းပခဲ့ပါတယ်။

အခမ်းအနား၏ အဓိကထူးခြားချက်မှာ “Hwasong-20 ” တိုက်ချင်းပစ် ဒုံးကြည်အသစ် ကို မိတ်ဆက် ပြသခဲ့ခြင်းဖြစ်ပြီး နျူကလီးယားလက်နက်တွေ တပ်ဆင်နိုင်တဲ့ အားအကောင်းဆုံး၊ နည်းပညာအဆင့် အမြင့်ဆုံး မဟာဗျုဟာ လက်နက်လို့ မြောက်ကိုရီးယား၏ နိုင်ငံပိုင်သတင်းဌာန KCNA က ညွှန်းဆိုသွား ပါတယ်။

ဒါ့အပြင် အခြားလက်နက်စနစ်များဖြစ်တဲ့ ဝေးလံခေါင်သီသော ခရုဇ်ဒုံးကျည်များ၊ ဒရုန်းလွှတ်တင် စက်များ၊ မြေမှလေသို့ နှင့် မြေမှမြေသို့ ပစ်လွှတ်နိုင်သော ဒုံးကျည်များကိုလည်း ပြသခဲ့ပါတယ်။
အဲ့ဒီစစ်ရေးပြပွဲမှာ မဟာမိတ်နိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြတဲ့ တရုတ်ဝန်ကြီးချုပ် လီ ချီယန်း၊ ရုရှားနိုင်ငံသမ္မတဟောင်း ဒီမီထရီ မက်ဒဗီဒက်ဖ် နဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီအကြီးအကဲ တိုလမ်တို့ တက်ရောက်ခဲ့ကြပါတယ်။