မတ်လ ၂၆ ရက် ယနေ့နံနက် မြဝတီ-မဲဆောက်တံတား ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းများက ရေးသားဖော်ပြထားပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ငြိမ်သက်သွားပြီဟုဆိုသည်။
သို့သော်လည်း နှစ်ဖက်ပြည်သူများ ဝင်ထွက်သွားလာရန် တွန့်ဆုတ်နေသေးပြီး အခြေအနေကို နားစွင့်နေဆဲဖြစ်သည်ဟု သိရသည်။
ယမန်နေ့ညအထိ လက်နက်ကြီးသံအချို့ ထိုင်းဘက်ကမ်းမှ ကြားရသည်ဟု ရေးသားဖော်ပြထားသည်။
ယမန်နေ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိုင်းဘက်ကမ်းမှ ထိုင်းနိုင်ငံသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုင်းဘက်မှကုန်ပစ္စည်များသွားပို့သည့်တွဲကား အစီး ၃၀၀ ကျော် ယာယီ ပိတ်မိနေခဲ့သည်ဟု သိရသည်။
ကျုံဒိုးမြို့ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်နှင့် မြေပြင်စစ်တပ် ၂ ခုက ပစ်ခတ်သည့်လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် လူနေအိမ်အချို့ ပြိုကျပျက်စီးမှုရှိနေပြီး လူငယ် ၂ ဦးသေဆုံးကာ အမျိုးသမီး ၂ ဦးနှင့် ကလေးငယ်တဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Ref: ThaiPBS North, Mae Sot Media, KIC