သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မြဝတီအာရှလမ်းမကြီး ဧပြီ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမည် အမှတ်(၂) ချစ်ကြည်ရေးတံတားကိုတော့ ဆက်လက်ပိတ်ထားဆဲ

မြဝတီအာရှလမ်းမကြီး ဧပြီ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမည် အမှတ်(၂) ချစ်ကြည်ရေးတံတားကိုတော့ ဆက်လက်ပိတ်ထားဆဲ

Hsan Loi Editor
01/04/2026
Share:
မြန်မာ−ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့လမ်းကြောင်းဖြစ်တဲ့ မြဝတီ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
May be an image of ‎text that says '‎ល000 ل ပြည် နယ် CHIN 8 ន ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည် * ဘားအံမြို့ စာအမှတ်၊ ၂၀၀ /၇-၅၃ /ဦး၆(၃၃၁၇) ရက် ခစွဲ ၂၀၂၆ ခုနှစ်၊ မတ်လ ၊၂၀၂၆ခုနှစ်းမတ်လ၃ 2१ ရက် ပြည်နယ်အဆင့်ရှာနဆိုင်ရာများအားလု အကြောင်းအရာ။ လမ်းဖွင့်ပွဲအခမ်းအနားဖိတ်ကြားခြင ဘားအံ ကော့ကရိတ် မြဝတီ(အာရလမ်း) ဖွင့်ပွဲအား အောက်ဖော်ပြပါ အစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်၍ မပျက်မကွက် (မပျက်မကွက်) တက်ရောက်နိုင်ပါရန် ဖိတ်ကြား အပ်ပါသည်- အချိန် နေ့ရက် နေရာ (၀၈၀၀) နာရီ (၀၇၃၀ နာရီနေရာယူပြီး) (၂-၄-၂၀၂၆) ၄-၂၀၂၆)ကြာသပတေးနေ့ ကြာသပတေးနေ့ တံတားဦီးကျေးရွာ(လွန်းညရေပြာဆိုင် ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) (အောင်ကျော်ထွန်း၊ ညွှန်ကြားရေးမှူး) ညွန့် မိတ္တူကို ပြည်နယ်လုခြုရေနှ့်ယ်စ်ရေးရ ဘားအံမြို့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဘားအံမြို့ မျှော လက်ခံ Sufiah (2sa5 legikas‎'‎
ဘားအံ−ကော့ကရိတ်−မြဝတီ(အာရှလမ်း) ဖွင့်ပွဲကို ဧပြီလ ၂ ရက် နံနက်ပိုင်းကစပြီး ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) လက်မှတ်နဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး သို့ ပေးပို့တဲ့ထားတဲ့စာအရ သိရပါတယ်။
အဲ့ဒီလမ်းဖွင့်ပွဲကို တံတားဦးကျေးရွာ (လွန်းညရေပြာအိုင်အနီး)မှာ ကျင်းပသွားမှာဖြစ်ပြီး ပြည်နယ် အဆင့် ဌာနဆိုင်ရာများအားလုံး (မပျက်မကွက်) တက်ရောက်ပေးကြဖို့လည်း ပေးပို့တဲ့စာမှာ ပြောဆိုထားပါတယ်။
ဘားအံ−ကော့ကရိတ်−မြဝတီ (အာရှလမ်း) တစ်လျှောက်ပြန်လည်ဖွင့်လှစ်ပေးခြင်းသည် ကုန်စည် ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးအတွက် ပိုမိုအဆင်ပြေလာမှာဖြစ်တယ်လို့ သိရပါတယ်။
May be an image of car, fog and road
အဲ့ဒီ အာရှလမ်းပိုင်းကို စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ပိတ်ထားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းက စစ်ကော်မရှင်ဘက်မှ ပြန်လည်ထိန်းချုပ်နိုင်ကာ အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်လာ တာဖြစ်ပါတယ်။
အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်သွားပေမယ့် မြန်မာ−ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ အမှတ်(၂) ချစ်ကြည်ရေးတံတားကိုတော့ ဆက်လက်ပိတ်ထားမှာဖြစ်တယ်လို့ နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းထံမှ သိရပါတယ်။
Photo – Credit to owner