
အဲ့ဒီ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူကို ယမန်နေ့ မွန်းလွဲပိုင်းက မေတ္တာလင်းမြိုင်ကျေးရွာအနီးက RC ၅ ထပ် အဆောက်အအုံတစ်ခုအတွင်းမှာ တရုတ်နိုင်ငံသား ၁၄၈ ဦး၊ ထိုင်း ၃ ဦး၊ ဖိလစ်ပိုင် ၃ ဦး၊ ကမ္ဘောဒီးယား ၁ ဦးနဲ့ ရုရှား ၁ ဦး စုစု ပေါင်း ၁၅၆ ဦး အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။




ဒါ့အပြင် အွန်လိုင်းလိမ်လည် လောင်းကစားမှု ပြုလုပ်ရာမှာ အသုံးပြုတဲ့ All In One ကွန်ပျူတာ ၁၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၂၀၀ လုံးနဲ့ လုပ်ငန်းသုံးပစ္စည်းများ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။