မြန်မာနှစ်ဆန်း ၁ ရက် ဒီကနေ့ ဧပြီလ ၁၇ ရက်မှာ စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်/အချုပ်ထောင် အသီးသီးကနေ အကျဉ်းသူ၊ အကျဉ်းသား ၄၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ ထုတ်ပြန်ကြေညာလာပါတယ်။
နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများမှာ ပါဝင် ဆောင်ရွက်နိုင်ရန် လွှတ်ငြိမ်းခွင့်ပေးတာဖြစ်ပြီး နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါကလက်ရှိပြစ်ဒဏ်အပြင် ကျန်ရှိနေသော ပြစ်မှုများကိုပါ ဆက်လက်ကျခံရမယ်လို့ ဖော်ပြထားပါတယ်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ထဲမှာ နိုင်ငံခြားသား/သူ ၁၃ ဦး ပါဝင်ကြောင်း သိရပါတယ်။