သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းကုန်ကြမ်းတန်ချိန်(၈၀၀)ကို ထိုင်းရဲတပ်ဖွဲ့မှ မဲဆောက်မြို့မှာ သိမ်းဆည်းရမိခဲ့

မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းကုန်ကြမ်းတန်ချိန်(၈၀၀)ကို ထိုင်းရဲတပ်ဖွဲ့မှ မဲဆောက်မြို့မှာ သိမ်းဆည်းရမိခဲ့

Hsan Loi Editor
17/10/2024
Share:

 

မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းကုန်ကြမ်းတန်ချိန်(၈၀၀)ကို အောက်တိုဘာလ (၁၇)ရက် မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်ရှိ ဂိုဒေါင်နှစ်လုံးအတွင်းမှာ ထိုင်းရဲတပ်ဖွဲ့များက သိမ်းဆည်းရမိကြောင်း ထိုင်းမီဒီယာမှာဖော်ပြထားသည်။

 

သတင်းရရှိမှုအရ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ များပါဝင်သောပူးပေါင်းအဖွဲ့သည် မဲဆောက်မြို့၊ မဲ့ကုစမ်ထောက်ကျေးရွာရှိ ဂိုဒေါင်အတွင်း ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်း ကုန်ကြမ်းများ ထည့်ထားသည့် ပီပါ (၄၄၁၈) လုံး၊ မဲဆောက်ရပ်ကွက်ထဲရှိ ဂိုဒေါင်အတွင်းမှ ဓာတုပစ္စည်း များထည့်ထားသည့် ပီပါ(၃၆၀)လုံး စုစုပေါင်း တန်ချိန်(၈၀၀)တို့အား သိမ်းဆည်းရမိခဲ့ပြီး ဂိုဒေါင်ပိုင်ရှင်ထိုင်းနိုင်ငံသား(၂)ဦးကို ရဲတပ်ဖွဲ့များက ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ကြောင်း သိရပါသည်။

 

အလားတူ ယမန်နေ့ မနက်အစောပိုင်းက ထိုင်း-မြန်မာ နယ်စပ်၊ မယ်ဆိုင်မြို့နယ်၊ ဆီပါဒဲန်းကျေးရွာအနီး လုံခြုံရေးယူထားတဲ့ ထိုင်းရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသော အဖွဲ့ပစ်ခတ်မှုဖြစ်ပွားပြီး ဘိန်းဖြူ‌ တောင့် (၃၄၀)တောင့်၊ အလေးချိန် (၁၁၉)ကီလိုဂရမ် သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။