ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြန်မာနိုင်ငံသားများအား တရုတ်ရဲများကဖမ်းဆီးခွင့်ရှိနေပြီလားဆိုသော သံသယဖြစ်ပေါ်လာစေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများ ဖမ်းဆီးခံရမှု

မြန်မာနိုင်ငံသားများအား တရုတ်ရဲများကဖမ်းဆီးခွင့်ရှိနေပြီလားဆိုသော သံသယဖြစ်ပေါ်လာစေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများ ဖမ်းဆီးခံရမှု

Hsan Loi Editor
09/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နယ်စပ်မှတဆင့်ဝင်ရောက်ပြီး တရားမဝင်ကျားဖြန့်လိမ်လည်ခြင်းလုပ်ငန်းလုပ်ကိုင်ကြသော တရုတ်နိုင်ငံသား (၃၇၇) ဦးအား အောက်တိုဘာလ (၇) ရက်နေ့က မြန်မာနိုင်ငံမှဖမ်းဆီးပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့အား လွှဲပြောင်းအပ်နှံခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

သို့သော် ထိုအထဲတွင် လောက်ကိုင်မြို့က လုပ်ငန်းရှင် (၁၁) ဦးသည် တရုတ်နိုင်ငံတွင်ကျင်းပသော ကုန်စည်ပြပွဲသွားရောက်နေစဉ် တရုတ်ရဲများ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်ဟုဆိုသည်။ ဖမ်းဆီးခံရသူများထဲတွင် ဖူလီလိုက်သူဌေး ဦးမောင်မောင် နှင့် လောက်ကိုင်မြို့ခံ လုပ်ငန်းရှင် (၁၀) ဦးဖြစ်သည်။

“တရုတ်နိုင်ငံရဲ့ ကုန်စည်ပြပွဲကို တရားဝင်ဖိတ်ကြားလို့ ကိုးကန့်လုပ်ငန်းရှင်တွေအပါအဝင် လူ(၇၀)ကျော်လောက် သွားရောက်ခဲ့ကြတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်။ မြန်မာကနေ လာရောက်တဲ့ (၇၀) ကျော်ထဲက ဖူလီလိုက်သူဌေးအပါအဝင်ပေါ့လေ လောက်ကိုင်မြို့ခံလုပ်ငန်းရှင် (၁၁) ယောက်ကို အောက်တိုဘာလ (၁) ရက်နေ့ မနက် (၃) နာရီမှာ တရုတ်ရဲတွေက ဖမ်းဆီးလိုက်တယ်။ အဲ့ဒီကုန်စည်ပြပွဲကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးမြင့်ဆွေနှင့် အတွင်းရေးမှူးဦးမိုးဇော်လတ်တို့ ဦးဆောင်တက်ရောက်ခဲ့ပြီးတော့ ပြန်သွားခဲ့ကြတယ်။ တရုတ်နိုင်ငံကို မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ တရားဝင်တက်ရောက်နေချိန် စစ်ကောင်စီလက်အောက်ခံတွေ ပါဝင်နေချိန် တရုတ်ရဲတပ်ဖွဲ့က ဟိုတယ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

မြန်မာနယ်စပ်အနီး အွန်လိုင်းလောင်းကစားလုပ်ငန်းနဲ့ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေနှင့်ပတ်သက်တဲ့သူတွေ ဖမ်းဆီးခံရတယ်ဆိုပေမယ့် လက်ရှိဖမ်းဆီးမှုက မြန်မာနိုင်ငံကို တရုတ်နိုင်ငံက လုံးဝဂရုမစိုက်တဲ့ လုပ်ရပ်ဖြစ်နေတယ်။ သူတို့ဖိတ်ကြားလို့ တရားဝင်သွားနေတဲ့ ဒီကုန်စည်ပြပွဲခရီးစဉ်မှာ မြန်မာနိုင်ငံသားတွေကို တရုတ်က ချောင်ပိတ်ပြီး ဖမ်းခဲ့တာဖြစ်လို့ ရုပ်ဆိုးအကျဉ်းတန်လွန်းသလို မြန်မာကို မလေးစားရာ ကျပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဖမ်းဆီးချင်ရင်တောင် ခွင့်တောင်းရမှာဖြစ်ပြီး သူ့နိုင်ငံကုန်စည်ပြပွဲကို ရောက်မှ အချိန်မတော် နေရာအတိအကျနဲ့ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ ဒီလိုဖမ်းဆီးလိုက်ပေမယ့် စစ်ကောင်စီလက်အောက်ခံတွေက ဘာမှမပြောပဲ ပြပွဲမပြီးဆုံးမှီ မြန်မာကို ပြန်လာကြတာက ရပ်တည်ပေးမှု လုံးဝမရှိ၊ အကာအကွယ်မပေးတဲ့ လုပ်ရပ်ဖြစ်တယ်။” ဟု ကိုးကန့်ဒေသတွင် နေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက ပြောပြသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီဘက်ကလည်း ကိုယ့်နိုင်ငံသားများ တရုတ်ကုန်စည်ပြပွဲကို သွားရောက်နေစဉ်ဖမ်းဆီးခံရသည်ကို ယခုအချိန်အထိ မည်သည့်ကန့်ကွက်တောင်းဆိုမှုမျှ မပြုလုပ်ပါ။ တရုတ်နိုင်ငံ၏ လုပ်ရပ်သည် မြန်မာနိုင်ငံကို ဂရုမစိုက်ဘဲ လုပ်ချင်သလိုလုပ်မည် ဖမ်းမည်ဆိုသည့် လုပ်ဆောင်မှုဖြစ်ပြီး အရင်ကတည်းက သျှမ်းတိုင်းရင်းသား စိုင်းနော်ခမ်းကိုလည်း ဖမ်းဆီးပြီး သေဒဏ်ပေးခဲ့သည့် သာဓကများ ရှိခဲ့ဖူးသည်။