သြစတြေးလျအနေဖြင့် မြန်မာနိုင်ငံ၏ ရေဘေးကူညီတုံ့ပြန်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ထပ်တိုးအကူအညီ အမေရိကန် ဒေါ်လာ ၁.၇ သန်းကို အတည်ပြုလိုက်ကြောင်း ယနေ့ စက်တင်ဘာလ (၂၃)ရက်မှာ ဩစတြေးလျသံရုံးက ထုတ်ပြန်ထားပါသည်။
အဆိုပါ အကူအညီများကို ရေဘေးသင့်ပြည်သူများ၏ စားနပ်ရိက္ခာ၊ ရေနှင့် ခိုနားရန်နေရာများ ပေးအပ်ပံ့ပိုးရန်တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် သက်ရောက်ခဲ့သည့် ဆိုးဝါးလှသော ရေကြီးမှုကို ကြုံတွေ့ခံစားခဲ့ရသော မြန်မာပြည်သူများနှင့် ထပ်တူဝမ်းနည်းပူဆွေးရကြောင်း ထုတ်ပြန်ထားပါသည်။
သြစတြေးလျအစိုးရအနေဖြင့် လက်ရှိပံ့ပိုးထားသောအကူအညီများကို ရေဘေးကူညီတုံ့ပြန်ရေးလုပ်ငန်းတွင် ပိုမိုဦးစားပေးအသုံးပြုရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူတကွ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
