သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မြန်မာနယ်စပ်ကို မီးဖြတ်ပြီး တရုတ်သမ္မတကို သွားတွေ့တဲ့ ထိုင်း ဝန်ကြီးချုပ် 

မြန်မာနယ်စပ်ကို မီးဖြတ်ပြီး တရုတ်သမ္မတကို သွားတွေ့တဲ့ ထိုင်း ဝန်ကြီးချုပ် 

Hsan Loi Editor
06/02/2025
Share:

 

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှနာဝပ် ဟာထိုင်း- မြန်မာနယ်စပ်က မြန်မာဖက်ခြမ်းကို လျှပ်စစ်မီး ဖြတ်တောက်လိုက်ပြီးနောက် တရုတ်သမ္မတ ရှီကျင်းဖျင် နဲ့သွား ရောက်တွေ့ဆုံခဲ့ပါတယ် ။

 

တာချီလိတ် နဲ့ မြဝတီအပါအဝင် မြန်မာနယ်စပ်ဒေသဖက်ခြမ်းကို ရောင်းချပေးထားတဲ့ ထိုင်းကလျှပ်စစ်ဓါတ်အားတွေ ဖေဖော်ဝါရီ (၅)ရက်နေ့မှာ စတင်ဖြတ်တောက် ခံလိုက်ရတာပါ ။

 

ထိုင်းဝန်ကြီးချုပ် က ကျားဖြန့်နှိမ်နင်းရေးအတွက်လို့ဆိုပြီး လျှပ်စစ်မီး ဖြတ်တောက်လိုက်တာပါ။ အဲ့ဒီနေ့မှာပဲ ထိုင်းဝန်ကြီး ချုပ် ပေတုန်တန်ရှနာဝပ်နဲ့ အဖွဲ့က တရုတ်နိုင်ငံကို ထွက်ခွာသွားပါတယ် ။

 

ထိုင်းဝန်ကြီးချုပ်ဟာ ဒီကနေ့ (ဖေဖော်ဝါရီ ၆ ရက်) မနက်ပိုင်းမှာ တရုတ် သမ္မတ ရှီကျင်းဖျင်နဲ့ တွေ့ဆုံကြပြီး စီးပွားရေးနဲ့ကုန်သွယ်ရေးကိစ္စ အပါအဝင် နယ်စပ်ဒေသက တရုတ်ကျားဖြန့် ဂိုဏ်းကိစ္စတွေကိုလည်း ဆွေးနွေးဖွယ်ရှိတယ်လို့ဒေသသတင်းတွေက ဆိုပါတယ် ။

 

တာချီလိတ်နယ်စပ်ဒေသမှာ လာအိုက လျှပ်စစ်မီး ကို ဝယ်ယူအသုံးပြုထား တဲ့ မီးလိုင်းက လွဲရင် လျှပ်စစ်မီး အကုန်ပြတ်တောက်နေတာပါ ။ ဒါကြောင့် မြို့ခံအများစုဟာ လျှပ်စစ်မီးရရှိရေးအတွက် လာအိုကနေဝယ် သုံးကြဖို့ ပြင်ဆင်နေကြပြီလို့ သိရပါတယ် ။

Photo: Ing Shinawatra ( Facebook )