ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေဆိပ်အား ယနေ့(၉.၃.၂၀၂၄) ရက်နေ့တွင် ရုတ်တရက်ပိတ်လိုက်ပြီဖြစ်ပြီး မြစ်ကြီးနားလေကြောင်းခရီးစဉ်အားလုံးကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်နေပြီး ယနေ့နံနက်အစောပိုင်းက မြစ်ကြီးနားလေဆိပ်နှင့် စစ်ဆေးရုံကြား လက်နက်ကြီးကျရောက်ခဲ့ပြီး ယခုလိုလေဆိပ်အား ပိတ်ပစ်ခဲ့ကြောင်း သိရသည်။