တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

မြစ်ကြီးနားလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) လေယာဥ်တစ်စင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု KIA နဲ့ PDF လက်ချက်ဟု စစ်ကော်မရှင်စွပ်စွဲ မြစ်ကြီးနားလေကြောင်းလိုင်းကို ၃ လကြာရပ်နားမယ်လို့ဆို

မြစ်ကြီးနားလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) လေယာဥ်တစ်စင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု KIA နဲ့ PDF လက်ချက်ဟု စစ်ကော်မရှင်စွပ်စွဲ မြစ်ကြီးနားလေကြောင်းလိုင်းကို ၃ လကြာရပ်နားမယ်လို့ဆို

Hsan Loi Editor
23/02/2026
Share:
ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက် ည ၈ နာရီကျော်အချိန်က ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) လေယာဥ်တစ်စင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး အဲ့ဒီတိုက်ခိုက်မှုကို KIA နဲ့ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စစ်ကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထား ပါတယ်။
May be an image of helicopter and text that says 'anmar MAX AUTHORIZE WT :23000 KG MAX:AUTHORIZEWT-20G-5070 50705 LBS OPERATIONAL EMPTY WT NT:13639KG-30068.9LBS 13639 KG 30068.9LBS 30068 2026.02.20 20:15'
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဥ် တစ်စင်းဟာ မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးမြို့သို့ ထွက်ခွာရန် ခရီးသည်တင်ဆောင်ပြီး ပြင်ဆင်ချိန် မှာ FPV Suicide Drone နဲ့ တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။May be an image of aircraft
ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး လေယာဥ်ရဲ့ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနဲ့ နောက်မီးပိုင်းတွေမှာ ဗုံးစထိမှန်ပြီး အနည်းငယ်ပျက်စီးသွားပေမယ့် လူထိခိုက်သေဆုံး ဒဏ်ရာရရှိတာ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
May be an image of xray
ဒီတိုက်ခိုက်မှုဟာ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ PDF တို့ ပူးပေါင်းလုပ်ဆောင်တာလို့ စစ်ကော်မရှင်ဘက်က စွပ်စွဲပြောဆိုထားပြီး KIA ဘက်ကတော့ ငြင်းဆိုထားတယ်လို့ ဒေသတွင်း မီဒီယာ ထံမှ သိရပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ လိုအပ်တဲ့ နယ်မြေလုံခြုံရေးလုပ်ငန်း ဆက်လက်လုပ်ဆောင်ပြီး ထိရောက် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အခုလို တိုက်ခိုက်ခံရပြီးတဲ့နောက် မြစ်ကြီးနားလေကြောင်းလိုင်းကို ၃ လကြာ ရပ်နားသွားမယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ဒေသတွင်းမီဒီယာတွေမှာ အတည်ပြုပြောဆိုထားပါတယ်။
မြစ်ကြီးနားလေဆိပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း FPV Suicide ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး လေယာဥ်ပြေးလမ်း ထိခိုက်ပြီး လေကြောင်းခရီးစဥ် ပြေးဆွဲမှု ခေတ္တရပ်နားခဲ့ရတယ်လို့ သိရပါတယ်။