သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မြစ်ကြီးနားမြို့က ပိတ်မိနေတဲ့ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ဖို့ ကယ်ဆယ်ရေးစက်လှေတွေ အများအပြား လိုအပ်နေ

မြစ်ကြီးနားမြို့က ပိတ်မိနေတဲ့ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ဖို့ ကယ်ဆယ်ရေးစက်လှေတွေ အများအပြား လိုအပ်နေ

Hsan Loi Editor
01/07/2024
Share:

 

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ပိတ်မိနေတဲ့ ရေဘေးသင့် ပြည်သူတွေကို ကယ်ဆယ်ဖို့ ကယ်ဆယ်ရေးစက်လှေတွေ အများအပြားလိုအပ်နေပြီး စက်လှေတွေလည်း ဓာတ်ဆီမဖြည့်နိုင်တဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ ကယ်ဆယ်ရေးသမား တွေဆီက သိရပါတယ်။

 

စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် ဆီပန့်ဆိုင်အချို့တွေမှာလည်း ရေဝင်ပြီး ရောင်းချခြင်းမရှိဘဲ ပိတ်ထားရတာကြောင့် လိုသလိုဝယ်ယူလို့ မရနိုင်ကြောင်း သိရသည်။

 

ဒါ့အပြင် မြစ်ရေကြီးလာတာနဲ့အမျှ ရေစီးနှုန်းတွေလည်း ကြမ်းတဲ့အတွက် စက်လှေတွေထွက်ဖို့ အခက်အခဲရှိနေကြပြီး ပိတ်မိနေတဲ့ ရေဘေးသင့်ပြည်သူထောင်ချီရှိကြောင်း သိရသည်။

 

ဇူလိုင်(၁)ရက်နေ့မှ ဇူလိုင်(၄)ရက်နေ့အတွင်း ကချင်ပြည်နယ်မှာ ထူးကဲမိုးတွေ ရွာသွန်းနိုင်ပြီး မြစ်ကြီးနား ၊ ဝိုင်းမော် မြစ်ရေများစွာ တိုးလာနိုင်ကာ ဧရာဝတီမြစ်ရိုးတလျှောက် မြစ်ရေများ တိုးလာနိုင်ကြောင်း မိုးလေဝသနဲ့ဇလ ဗေဒပညာရှင် က ခန့်မှန်းထားပါသည်။

 

ဇွန်လ ၃၀ ရက်နေ့ ညပိုင်းအချိန်ကနေ ဧရာဝတီမြစ်ရေ စတက်လာပြီး စိုးရိမ်ရေမှတ်ကို ကျော်လွန်လာတဲ့အတွက် မြစ်ကြီးနားမြို့ ရေဝင်ရောက်လာကြောင်း သိရှိရပါသည်။