သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မောက်မယ်မြို့ဦးဂိတ်စောင့်နေသော ပြည်သူ့စစ်တစ်ဦး သေနတ်ပစ်‌ဖောက်ပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွား

မောက်မယ်မြို့ဦးဂိတ်စောင့်နေသော ပြည်သူ့စစ်တစ်ဦး သေနတ်ပစ်‌ဖောက်ပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွား

Hsan Loi Editor
05/06/2024
Share:

 

ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်အချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ရှိ မြို့ဦးဂိတ်မှာ တာဝန်ကျ ပြည်သူ့စစ်တစ်ဦး ကိုယ့်ကို အဆုံးစီရင်မှု ဖြစ်ပွားကြောင်း သိရသည်။

 

မောက်မယ်မြို့နယ် မြို့ဦးဂိတ်အနီး မြို့အဝင်ရှိ နမ့်ပိန်တံတားအောက်မှာ ဒေသခံတစ်ဦးက ရေချိုးရန် သွားရောက်ရာ သွေးသံတရဲရဲဖြင့် လူသေအလောင်း တွေ့ကာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူတို့ကို သွား‌ရောက်သတင်းပေးပြီး လာရောက်စစ်ဆေးရာ မြို့ဦးဂိတ်မှာတာဝန်ကျ ပြည်သူ့စစ်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သေဆုံးသူ ပြည်သူ့စစ်သည် ရှမ်းပြည်နယ်တောင်ပိုင်းလင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာအုပ်စု ဟိုကွန်ကျေးရွာမှ ဖြစ်ကြောင်းသိရသည်။

 

“ မနက်ဖန်ဆို သူ့တာဝန်ပြီးတော့ အိမ်ပြန်ရတော့မှာကို ကိုယ့်ကိုယ်ကိုသတ်သေသွားတယ်၊ ဘာတွေစိတ်ညစ်စရာရှိလည်းတော့မသိဘူး၊ သူ့မှာ မိန်းမနဲ့ ကလေးငယ် ရှိတယ် ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

 

လုံခြုံရေးအင်အား မလုံလောက်မှုကြောင့် မောက်မယ်မြို့နယ်ရှိ မြို့အဝင်အထွက်ဂိတ်များကို တခြားမြို့နယ်မှ ပြည်သူ့စစ်များက (၁၅)ရက်တခါ အလှည့်ကျ လာရောက် တာဝန်ထမ်းဆောင်ရကြောင်း သိရသည်။

 

Photo – CJ