သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့တွင် ယခုနှစ်သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပမည်မဟုတ်ကြောင်း သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက နိုဝင်ဘာ ၁၅ ရက်နေ့ကထုတ်ပြန် ကြေငြာထားသည်။
နှစ်စဉ်နတ်တော်လဆန်း ၁ ရက်နေ့တွင်ကျရောက်သော သျှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်ကို စစ်ဘေးဒုက္ခ နှင့်ကြုံတွေ့နေရသော သျှမ်းပြည်နယ်မြောက်ပိုင်းရှိ ဌာနေတိုင်းရင်းသားများအားစာနာထောက်ထားသောအားဖြင့် မောက်မယ်မြို့တွင် ယခုနှစ်သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပမှာမဟုတ်ပဲ သံဃာတော်များကို နှစ်ကူးဆွမ်းကပ်လှူပြီး စစ်ဘေးသင့်ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့သခြင်းကိုသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
