သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မောက်မယ်နှင့် လင်းခေးကြား လျှပ်စစ်မီးတိုင်(၆)တိုင် လှဲကျမှုကြောင့် လျှပ်စစ်မီးပြတ်တောက်

မောက်မယ်နှင့် လင်းခေးကြား လျှပ်စစ်မီးတိုင်(၆)တိုင် လှဲကျမှုကြောင့် လျှပ်စစ်မီးပြတ်တောက်

Hsan Loi Editor
18/08/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်နှင့် လင်းခေးမြို့နယ်ကြားရှိ လျှပ်စစ်မီးတိုင်များ လှဲကျမှုကြောင့် လျှပ်စစ်မီးများပြတ်တောက်လျက်ရှိကြောင်း သိရသည်။

 

ယမန်နေ့ည ဩဂုတ်လ(၁၆)ရက် ညပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများကျ‌ရောက်ပြီး မောက်မယ်မြို့နယ်နှင့်လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်ရှိ လျှပ်စစ်မီးတိုင်(၆)တိုင် လှဲကျကာ မောက်မယ်မြို့မှာ လျှပ်စစ်မီးများပြတ်တောက်နေကြောင်း သိရသည်။

 

“ မနေ့ညက မိုးတအားရွာတော့ ဝမ်ဟတ်ကျေးရွာအထွက် မောက်မယ်ဘက် အတက် တောင်‌ခြေနားမှာ မိုးရွာပြီး တောင်ကျချောင်းရေ တိုက်စားလို့ မီးတိုင်တွေ လှဲကျသွားတယ်၊ လျှပ်စစ်ဝန်ထမ်း တွေတော့ သွားပြင်နေတယ်၊ ဓါတ်တိုင်(၆)တိုင် လှဲတာဆိုတော့ နည်းနည်းကြာမယ်ထင်တယ်” လို့ ဒေ‌သခံတစ်ဦးက ပြောသည်။

 

ဓါတ်တိုင်များ လှဲကျမှုမရှိပေမယ့်လည်း မောက်မယ်မြို့နယ်အတွင်းသို့ ပုံမှန်ဖြန့်ဖြူးပေးသည့် လျှပ်စစ်မီးသည် မီးလာချိန်ထက် မီးပျက်ချိန်က ပိုများနေကြောင်း ‌သိရှိရပါသည်။