ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

မူဆယ်မှာ မင်္ဂလာပွဲငှားအတွက် လိမ်ခေါ်ပြီး ကျားဖြန့်အုပ်စုရဲ့ ခြိမ်းခြောက်နှိပ်စက်မှုနဲ့အတူ ငွေကျပ် သိန်း ၃၀၀၀ နဲ့ ပြန်ပေးဆွဲခံရတဲ့ အဆိုတော် ရှင်မင်းမြတ်နဲ့ မိတ်ဆွေ

မူဆယ်မှာ မင်္ဂလာပွဲငှားအတွက် လိမ်ခေါ်ပြီး ကျားဖြန့်အုပ်စုရဲ့ ခြိမ်းခြောက်နှိပ်စက်မှုနဲ့အတူ ငွေကျပ် သိန်း ၃၀၀၀ နဲ့ ပြန်ပေးဆွဲခံရတဲ့ အဆိုတော် ရှင်မင်းမြတ်နဲ့ မိတ်ဆွေ

Hsan Loi Editor
16/01/2026
Share:
မြန်မာ−တရုတ်နယ်စပ် မူဆယ်မြို့မှာ မင်္ဂလာပွဲဌားအတွက်ဆိုပြီး လိမ်လည်ဖိတ်ကြားခံရတဲ့ အဆိုတော် ရှင်မင်းမြတ်နဲ့ မိတ်ဆွေဖြစ်သူဟာ ကျားဖြန်အုပ်စုတွေရဲ့ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ နှိပ်စက်မှုနဲ့ အတူ ငွေကျပ် သိန်း ၃၀၀၀ နဲ့ ပြန်ပေးဆွဲခံရတယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ၎င်းမိတ်ဆွေတစ်ဦးရဲ့ မိတ်ဆွေမှတဆင့် မင်္ဂလာပွဲဌားဖို့ကိစ္စ ဖိတ်ကြားခံရကာ ဇန်နဝါရီလ ၄ ရက်နေ့မှာ ရန်ကုန်မှ မန္တလေးသို့ လေယာဥ်နဲ့ သွားခဲ့ပြီး နောက်တနေ့ ဇန်နဝါရီလ ၅ ရက်မှာ မန္တလေးမှ မူဆယ်သို့ ကားနဲ့သွားပြီး မူဆယ်ရှိ ဟော်ရှင်းဟိုတယ်မှာ တည်းခိုခဲ့တယ်လို့ ဆိုပါတယ်။
No photo description available.
“ အဲ့နေ့ညနေစာ စာပြီး ပွဲကျင်းမယ့်နေရာ ကြည့်ရှုပြင်ဆင်ဖို့ သွားလိုကြောင်းပြောခဲ့ပြီး လူ ၄ ဦး လာရောက် ခေါ်ယူတယ်၊ သူတို့ထဲက တစ်ဦးက ပြည်သူ့စစ်၊ နောက်တစ်ဦးက ကိုးကန့်လူမျိုး၊ ကျန် ၂ ဦး က မြန်မာ−ယူနန် စကားပြောနိုင်သူဖြစ်တယ်၊ လူမရှိတဲ့နေရာကို ကားမောင်းသွားပြီး အနက်ရောင် ခေါင်းစွပ်နဲ့ မျက်လုံးတွေကို ဖုံး၊ လက်ထိပ်ခတ်ချည်ပြီး ကျားဖြန့်စခန်းခေါ်သွားခဲ့တယ်” လို့ အဆိုတော် ရှင်မင်းမြတ် က ဖြစ်စဥ်ကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ မျှဝေထားပါတယ်။
အဲ့ဒီနေရာမှာ သူနဲ့သူ့မိတ်ဆွေကို ယခင်လောက်ကိုင်မှာ ဖြစ်ပွားခဲ့တဲ့ အမှုကိုအကြောင်းပြပြီး ပထဦးစွာ ငွေကျပ် သိန်း ၇၀၀၀ တောင်းဆိုခဲ့ပြီး နောက်ပိုင်း သိန်း ၆၀၀၀ ထိ လျှော့ချကာ အတင်းအကြပ် တောင်းဆိုခဲ့သလို သူတို့ကို ရိုက်နက်တာ၊ ခြေထောက်နဲ့ ကန်တာ၊ သေနတ်နဲ့ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
May be an image of acupuncture
နောက်ဆုံး ငွေသိန်း ၃၀၀၀ ပေးနိုင်ပါက လွှတ်ပေးမယ်၊ မပေးနိုင်ပါက ပစ်သတ်မယ်လို့ ခြိမ်းခြောက်တဲ့ အတွက် အဆိုတော် ရှင်မင်းမြတ်က သူ့ရဲ့ မိသားစု၊ မိတ်ဆွေ အကူအညီနဲ့ ငွေသိန်း ၃၀၀၀ ပေးခဲ့ရပြီး ဇန်နဝါရီလ ၉ ရက်နေ့မှာ သူတို့အား မူဆယ်မြို့ရှိ လမ်းဘေးတစ်နေရာမှာ ပစ်ချပြီး မှတ်ပုံတင်နဲ့ ကျပ် ၁၀ သိန်းသာ ပြန်ပေးခဲ့ကာ ပတ်စပို့စ်နဲ့ အသုံးအဆောင်တွေကိုတော့ သိမ်းဆည်းသွားတယ်လို့ ရဲစခန်းထံ တိုင်ကြားထားတဲ့စာအရ သိရပါတယ်။
May be an image of text
ယခုခေတ်ကာလ အခြေအနေအရ အနုပညာရှင်တွေ၊ စီးပွားရေးသမားတွေနဲ့ ပြည်သူတွေအနေ ဘယ်အလုပ်ကိစ္စမဆို အယုံမလွယ်ကြဖို့နဲ့ သတိထားဆင်ခြင်ကြဖို့ ဒေသခံတွေအချင်းချင်း မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။
Photo – Credit to owner