သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မူဆယ်မြို့ ပြန်ပေးဆွဲမှုတွင် ပါဝင်သူ (၉)ဦးအနက် (၈)ဦးကို သတ်ဖြတ်နူတ်ပိတ်ပစ်ခဲ့ပြီး ခေါင်းဆောင်ဖြစ်သူအား ငွေကြေးတောင်းပြီး ပြန်လွတ်ပေးဟုဆို

မူဆယ်မြို့ ပြန်ပေးဆွဲမှုတွင် ပါဝင်သူ (၉)ဦးအနက် (၈)ဦးကို သတ်ဖြတ်နူတ်ပိတ်ပစ်ခဲ့ပြီး ခေါင်းဆောင်ဖြစ်သူအား ငွေကြေးတောင်းပြီး ပြန်လွတ်ပေးဟုဆို

Hsan Loi Editor
26/04/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း ပြန်ပေးဆွဲမှုများ ကျူးလွန်သူ (၉)ဦးအနက် (၈)ဦးအား ဧပြီလ (၂၃)ရက်နေ့က စစ်ကောင်စီဘက် သေဒဏ်ပေးပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ သို့သော် ပြန်ပေးဆွဲမှုတွင် ခေါင်းဆောင်အဖြစ်ပါဝင်သူ အားလုံ့(ခေါ်)လောင်းလုံ့ဆိုသူအား ငွေညစ်ပြီး ပြန်လွတ်ပေးလိုက်ပြီဟု မူဆယ်ဒေသခံတစ်ဦးက ပြောပြသည်။

 

“အဖမ်းခံရတာကတော့ (၉)ယောက်စလုံးအဖမ်းခံရတယ်။ အဲ့ဒီမှာ စစ်ဆေးမေးမြန်းပြီးတော့ ဒီအမှုမှာ စစ်ကောင်စီဘက်က အရာရှိနာမည်တွေထုတ်ပြောလာတာတွေရှိတော့ လူငယ်(၈)ဦးကို စောစောစီးစီး နူတ်ပိတ်သတ်ဖြတ်လိုက်တယ်။ အားလုံ့ကိုတော့ ပိုက်ဆံတောင်းပြီး ပြန်လွတ်ပေးလိုက်ကြတယ်။ အခုတော့ အားလုံ့လည်း ထွက်ပြေးသွားပြီလို့ပြောတယ်။ ကျန်တဲ့လူငယ်(၈)ဦးကလည်း ငွေမပေးနိုင်လို့လား တမင်နူတ်ပိတ်ချင်လို့လားမသိဘူး ချက်ချင်းသေဒဏ်ပေးပြီး သတ်ပစ်လိုက်ကြတယ်။” ဟု ၎င်းမူဆယ်ဒေသခံက ပြောပြသည်။

 

ဖမ်းဆီးခံရသော လူငယ်များ၏ ပေါက်ကြားထွက်ပေါ်လာသော ရုပ်သံတစ်ခုအရ ခေါင်းဆောင်အဖြစ် အားလုံ့(ခေါ်)လောင်းလုံ့ ဆိုသူအပြင် စစ်ကောင်စီဘက်က ဗိုလ်မှူးတာဒွန်းအောင်ဆိုသူနှင့် ကောင်းမြတ်ဟိန်းဆိုသူတို့၏ နာမည်များကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

 

“အားလုံ့က တရုတ်လူမျိုးဖြစ်ပြီးတော့ မူဆယ်မြို့က သျှမ်းမလေးတစ်ယောက်နဲ့အိမ်ထောင်ကျထားတယ်။ အသတ်ခံလိုက်ရတဲ့ (၈)ဦးစလုံးကလည်း ပြန်ပေးဆွဲမှုကို တကယ်ကျူးလွန်တဲ့သူတွေဟုတ်ပါ့မလားဆိုပြီး တချို့တွေက သံသယရှိကြတယ်။ ဘာလို့လဲဆိုရင် ဆရာဝန်ကို ပြန်ပေးဆွဲတဲ့အချိန်မှာ CROWN ကားအဖြူတစ်စီးနဲ့ လက်နက်အပြည့်အစုံပါကြတယ်။ အခုဖမ်းမိတဲ့အချိန်မှာ ကားရော လက်နက်တွေရောမတွေ့ရဘူး။ ဒါပေမယ့် သူတို့ထွက်ဆိုထားတဲ့ ရုပ်သံအရကြည့်ရင်တော့ တရားခံတွေဆို ထွက်ဆိုထားတယ်။ အသတ်ခံရတဲ့လူငယ်တွေကတော့ တအာင်းပလောင်နဲ့ ကချင်လူမျိုးတွေဖြစ်ကြတယ်။”ဟု မူဆယ်မြို့ခံ ကချင်တိုင်းရင်းသားတစ်ဦးကလည်း ပြောပြသည်။

 

ဗိုလ်မှူးတာဒွန်းအောင်ဆိုသူသည် တပ်မ(၉၉)က အရာရှိတစ်ဦးဟုသိရပြီး မူဆယ်မြို့တွင် နေထိုင်သူဖြစ်သည်။