သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မူဆယ်မြို့နယ်၌ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဆုတောင်းတောင်ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ထိခိုက်ဒဏ်ရာရရှိခဲ့

မူဆယ်မြို့နယ်၌ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဆုတောင်းတောင်ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ထိခိုက်ဒဏ်ရာရရှိခဲ့

Hsan Loi Editor
20/09/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ယနေ့နံနက် (၇) နာရီဝန်းကျင်ခန့်က စတင်ပြီး စစ်ကောင်စီတပ်မှ လွယ်တေးမိန်းတောင်ထံ လက်နက်ကြီးကျည် (၃) ချက်စတင်ပစ်ခတ်ရာမှ တိုက်ပွဲများ ဆက်လက်ပြင်းထန်စေလျက်ရှိသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် (၂) ဖက်သောတပ်များကလက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

 

နံနက် (၁၁) နာရီဝန်းကျင်ခန့်မှ မွန်းလွဲ (၁) နာရီအချိန်အထိ တိုက်ပွဲများပြင်းထန်နေသောကြောင့် မူဆယ်-နမ့်ခမ်းကားလမ်းမတစ်လျောက် ကားလမ်းပိတ်ဆို့မှုပင်ဖြစ်ပေါ်ခဲ့သည်။

 

“နံနက်ပိုင်းအစောကြီးကတည်းက စစ်ကောင်စီတပ်ဖက်ကနေ လက်နက်ကြီး (၃) ချက်စတင်ပစ်ခတ်ရာကနေ တစ်နေ့လုံးတိုက်ပွဲသံတွေကြားနေရတုန်းပဲ။ ဝိန်းနန်းရွာကိုတော့ စစ်ကောင်စီတပ်တွေ ဝင်ရောက်နေရာယူထားပြီလို့သိရပြီးတော့ ဝိန်းနန်းရွာက TNLA အရာရှိတွေက စိုက်ပျိုးထားတဲ့ ငှက်ပျောခြံထဲမှာ လူအယောက် (၄၀) လောက် ပိတ်မိနေတယ်လို့ကြားရတယ်။ TNLA စစ်သားတွေလား ရိုးရိုးအရပ်သားတွေလား ဆိုတာတော့ မသိရသေးဘူး။” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောပြသည်။

 

ဒါ့အပြင် (၂) ဖက်တပ်များက လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုကြောင့် ဆုတောင်းတောင်ဘုန်းကြီးကျောင်းအား ထိမှန်ခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။