သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မူဆယ်မြို့နယ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီမှ ပေါင်(၅၀၀)အလေးချိန်ရှိသည့် ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်ဟုဆို

မူဆယ်မြို့နယ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီမှ ပေါင်(၅၀၀)အလေးချိန်ရှိသည့် ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်ဟုဆို

Hsan Loi Editor
27/09/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် လွယ်မောက်တောင် TNLA တပ်စခန်းအား စစ်ကောင်စီမှ ပေါင်(၅၀၀)အလေးအချိန်ရှိသော ပေါက်ကွဲအားပြင်းထန်သည့် ဗုံးများဖြင့် စက်တင်ဘာလ(၂၅)ရက်နေ့ ည(၁၀)နာရီ(၁၅)မိနစ်ဝန်းကျင်ခန့်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA ၏ ယာယီတပ်စခန်းအဆောက်အအုံများပျက်စီးထိခိုက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိကြောင်း သိရသည်။

TNLA နှင့် စစ်ကောင်စီတပ်သည် စက်တင်ဘာလ(၁၇)ရက်နေ့က စတင်ပြီး မူဆယ်မြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။