သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် လွယ်မောက်တောင် TNLA တပ်စခန်းအား စစ်ကောင်စီမှ ပေါင်(၅၀၀)အလေးအချိန်ရှိသော ပေါက်ကွဲအားပြင်းထန်သည့် ဗုံးများဖြင့် စက်တင်ဘာလ(၂၅)ရက်နေ့ ည(၁၀)နာရီ(၁၅)မိနစ်ဝန်းကျင်ခန့်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA ၏ ယာယီတပ်စခန်းအဆောက်အအုံများပျက်စီးထိခိုက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိကြောင်း သိရသည်။
TNLA နှင့် စစ်ကောင်စီတပ်သည် စက်တင်ဘာလ(၁၇)ရက်နေ့က စတင်ပြီး မူဆယ်မြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
