သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မူဆယ်မြို့နယ်တွင် ငွေလဲပြီးပြန်လာသောသူအား ဓားပြများ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရ

မူဆယ်မြို့နယ်တွင် ငွေလဲပြီးပြန်လာသောသူအား ဓားပြများ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရ

Hsan Loi Editor
22/06/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဇွန်လ (၂၁) ရက်နေ့ ည (၉) နာရီခန့်တွင် ငွေလဲပြီးပြန်လာသူအား ဓားပြများက သေနတ်ဖြင့်လိုက်လံပစ်ခတ်မှုကြောင့် ကျည်ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ သေနတ်ဖြင့်ပစ်ခတ်ခံရသူသည် မူဆယ်မြို့နယ် ဟိုနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ကိုယ်ပိုင်ကားဖြင့် သမီးဖြစ်သူနှင့်အတူ ငွေလဲပြီး ပြန်လာစဉ် လမ်း၌ ဓားပြတိုက်ခံရခြင်းဖြစ်သည်။

 

ဓားပြများက သေနတ်ဖြင့်လိုက်လံပစ်ခတ်ရာမှ ၎င်း၏ပုခုံးကို ကျည်ထိမှန်ခဲ့ပြီး ကားကိုအရှိန်မထိန်းနိုင်တော့ဘဲ အနီးရှိ အုတ်တံတိုင်းကို တိုက်မိခဲ့သည်ဟုဆိုသည်။ ၎င်း၏ သမီးဖြစ်သူလည်း ကားတိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ကားရပ်သွားစဉ် ဓားပြများမှ ၎င်းကားပေါ်ရှိ အိတ်တစ်ခုကို အလောတကြီး လုယက်သွားခဲ့သော်လည်း ငွေထည့်ထားသော အိတ်ကို ယူဆောင်သွားခြင်းမဟုတ်ဘဲ အခြားအိတ်ကိုသာ ယူဆောင်သွားခြင်းကြောင့် လဲလှယ်လာသောငွေကိုတော့ ဆုံးရှုံးခဲ့ခြင်းမရှိကြောင်း သတင်းရရှိသည်။