မိုးသည်းထန်စွာရွာသွန်းပြီး သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ရှိ နမ့်တုံချောင်းရေမြင့်တက်မှုဖြစ်ပေါ်ကာ မိုင်းတုံမြို့နယ်အတွင်း နေရာအချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။ ချောင်းရေအဆမတန်မြင့်တက်မှုကြောင့် မိုင်းတုံ-တာဆန်း ကားလမ်းမကြီး တံတားအမှတ် ၅/၃၅ အနီး ကတ္တရာလမ်းမကြီး ယနေ့ နံနက်ပိုင်းတွင် ပြိုကျပြီး လမ်းမကြီးပြတ်ထွက်သွားသည်ဟု သိရသည်။
မိုင်းတုံ-တာဆန်း လမ်းပိုင်းသည် သျှမ်းပြည်နယ်တောင်ပိုင်းနှင့်သျှမ်းပြည်နယ်အရှေ့ပိုင်း၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ကာ
လမ်းပြိုကျမှုကြောင့် ယာယီပိတ်ထားရကြောင်း သိရသည်။
