သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုးရွာသွန်းမှုကြောင့် ကျောက်မဲ-သီပေါ ကြားက ကျင်သီယာယီတံတား ဖြတ်သန်းခွင့်ယာယီပိတ်ထား

မိုးရွာသွန်းမှုကြောင့် ကျောက်မဲ-သီပေါ ကြားက ကျင်သီယာယီတံတား ဖြတ်သန်းခွင့်ယာယီပိတ်ထား

Hsan Loi Editor
26/05/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ-သီပေါလမ်း ကျင်သီယာယီတံတားအား မိုးသည်းထန်စွာရွာသွန်းပြီး ဒုဌဝတီမြစ်ရေမြင့်တက်လာပြီး ရေစီးသန်နေမှုကြောင့် ယနေ့ မေလ(၂၆)ရက်နေ့ နံနက်ပိုင်းကစပြီး ဖြတ်သန်းခွင့်ယာယီပိတ်ထားသည်။ အိမ်းစီးကားငယ်အပြင် လူနှင့်ဆိုင်ကယ်ကိုလည်း ဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။

ကျင်သီယာယီတံတားပိတ်ထားမှုကြောင့် မန္တလေး-လားရှိုး ခရီးစဉ်လည်း ဖြတ်လမ်းဖြစ်သည့် ကျောက်ဂူ-နောင်ဝိုး-နမ့်လန်ဘက်ကတစ်ဆင့် သွားနိုင်သော လမ်းကြောင်းသာကျန်သည်။ သို့သော် မိုးရွာသီအတွင်း မြေနီလမ်းဖြစ်သည့်အတွက် ကားငယ်များသွားလာရန် ခက်ခဲနိုင်ကြောင်း ခရီးသည်တင်ယာဉ်ငယ်မောင်းသူများက ပြောပြသည်။