သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ-သီပေါလမ်း ကျင်သီယာယီတံတားအား မိုးသည်းထန်စွာရွာသွန်းပြီး ဒုဌဝတီမြစ်ရေမြင့်တက်လာပြီး ရေစီးသန်နေမှုကြောင့် ယနေ့ မေလ(၂၆)ရက်နေ့ နံနက်ပိုင်းကစပြီး ဖြတ်သန်းခွင့်ယာယီပိတ်ထားသည်။ အိမ်းစီးကားငယ်အပြင် လူနှင့်ဆိုင်ကယ်ကိုလည်း ဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။
ကျင်သီယာယီတံတားပိတ်ထားမှုကြောင့် မန္တလေး-လားရှိုး ခရီးစဉ်လည်း ဖြတ်လမ်းဖြစ်သည့် ကျောက်ဂူ-နောင်ဝိုး-နမ့်လန်ဘက်ကတစ်ဆင့် သွားနိုင်သော လမ်းကြောင်းသာကျန်သည်။ သို့သော် မိုးရွာသီအတွင်း မြေနီလမ်းဖြစ်သည့်အတွက် ကားငယ်များသွားလာရန် ခက်ခဲနိုင်ကြောင်း ခရီးသည်တင်ယာဉ်ငယ်မောင်းသူများက ပြောပြသည်။