တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုးမောက်မြို့နယ်အတွင်း စစ်ဘေးရှောင် (၈၀၀)ဦး ဝန်းကျင်ခန့်ကျန်ရှိနေသေးပြီး အနွေးအထည်နှင့်စားသောက်ဖွယ်ရာများ လိုအပ်လျက်ရှိ

မိုးမောက်မြို့နယ်အတွင်း စစ်ဘေးရှောင် (၈၀၀)ဦး ဝန်းကျင်ခန့်ကျန်ရှိနေသေးပြီး အနွေးအထည်နှင့်စားသောက်ဖွယ်ရာများ လိုအပ်လျက်ရှိ

Hsan Loi Editor
22/11/2022
Share:

 

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးရှောင်များစွာ ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။

 

လက်တလောတွင် မိုးမောက်မြို့နယ် လုံဂျာကျေးရွာ၌ စစ်ဘေးရှောင် အမျိုးသား – ၁၃၂ ဦး၊ အမျိုးသမီး – ၁၁၆ ဦး၊စုစုပေါင်း-၂၄၈ ဦး နှင့် နောင်ပေါဝ်း ကျေးရွာ၌ အမျိုးသား -၁၁၇ ဦး၊ အမျိုးသမီး -၁၃၄ ဦး၊ စုစုပေါင်း-၂၅၁ ဦး၊ နောင်ပေါဝ်းကျေးရွာ (ကချင်ပိုင်း)၌ အမျိုးသား-၈၂ ဦး၊ အမျိုးသမီး -၆၃ ဦး၊ စုစုပေါင်း-၁၄၅ ဦး ရှိပြီး ထိုရွာ ၂ ရွာပေါင်း စုစုပေါင်း စစ်ဘေးရှောင် ၈၀၀ ဦး ဝန်းကျင်ခန့် ကျန်ရှိနေသည်ဟု ဆိုသည်။

 

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မိဘပြည်သူများအတွက် MSFF (Japan) အဖွဲ့​၏ ပံ့ပိုးကူညီမှုဖြင့် စုစုပေါင်း တန်ဖိုးငွေ ၂,၀၀၀,၀၀၀ ကျပ် (သိန်းနှစ်ဆယ်ကျပ်) တန်ဖိုးရှိသော ပဲပုတ်၊ကြက်ဥ၊ ငါးသေတ္တာ၊ခေါက်ဆွဲခြောက်၊ဆီ စသော စားနပ်ရိက္ခာနှင့် ဆပ်ပြာများကို ဒေသခံလူငယ်များက ဝယ်ယူပြီး လှုဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အလားတူ ဖားကန့်မြို့နယ် (ဆယ်ဇင်း)၊ ဗန်းမောက်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ လဲချားမြို့နယ်၊ တောင်ကြီး(ဟိုပုံး)မြို့နယ် နှင့် သျှမ်းတိုင်းရင်းသားများ နေထိုင်ရာဒေသများ အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအား လှူဒါန်းလိုပါက Tai Youth Yangon page messenger နှင့် သျှမ်းစာပေနှင့်ယဥ်ကျေးမှူအသင်း-မိုးမောက်မြို့နယ်၊ သျှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်း-ကျောက်မဲမြို့နယ် တို့ထံတွင် အသေးစိတ် စုံစမ်း မေးမြန်း လှူဒါန်း၍ ရနိုင်ပါသည်။

 

credit & Tai Youth Yangon

taiyouthyangon@protonmail.com

 

#HsanLoiVoice

 

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

 

https://hsanloivoice.org/