တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုးမိတ်မြို့အား TNLA နှင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်၊ လေယာဉ်ပစ်လက်နက်နှင့် လက်နက်များစွာသိမ်းဆည်းရမိဟုဆို

မိုးမိတ်မြို့အား TNLA နှင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်၊ လေယာဉ်ပစ်လက်နက်နှင့် လက်နက်များစွာသိမ်းဆည်းရမိဟုဆို

Hsan Loi Editor
02/08/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အား ဇူလိုင်လ(၃၁) ရက်နေ့ ယမန်နေ့ညနေပိုင်းက TNLA နှင့် ပူးပေါင်းတော်လှန်ရေးအဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ၂၅၀ လက်၊ 120 MM (၁)လက်၊ 60 MM (၁၉)လက်၊ 81 MM (၉)လက်၊ ပွိုင့်ဖိုက်(၃)လက်၊ RPG (၁၆)လက်၊ ဂျမ်ဘာ (၂)စုံ၊ စိန်ပြောင်းနောက်ပွင့် (၂)လက်၊ လေယာဉ်ပစ်လက်နက် (၁)လက်၊ ပစ္စတို (၃)လက် နှင့် လက်နက်ခဲယမ်းမျိုးစုံ ၆၀၀ ခန့် သိမ်းဆည်းရရှိခဲ့သည်ဟု TNLA ကဖော်ပြသည်။

 

မိုးမိတ်မြို့နယ်တိုက်ပွဲကို ဇွန်လ ၂၇ ရက်နေ့မှ စတင် တိုက်ခိုက်ခဲ့ပြီး ၄ ပတ်အကြာ ဇူလိုင်လ ၃၁ ရက်နေ့ တွင် စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်ခံခြင်းဖြစ်ကြောင်း သိရသည်။