သျှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ထဲ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်တာကြောင့် ကလေး ၂ ဦး အပါအ၀င် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၈ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက် ည ၇ နာရီ၀န်းကျင် အချိန်တွင် မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာထဲသို့ စစ်ကော်မရှင်တပ်မှ ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၄ ဦး အမျိုးသမီး ၃ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်တပ်မှလေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၁ ဦးအပါအ၀င် ၁၀ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။