သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရပ်စောက်-အင်တော-ကျောက်ဂူ-နမ့်လန် လမ်း သွားလာရန်ခက်ခဲနေ

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရပ်စောက်-အင်တော-ကျောက်ဂူ-နမ့်လန် လမ်း သွားလာရန်ခက်ခဲနေ

Hsan Loi Editor
26/08/2024
Share:

 

ဩဂုတ်လ (၂၂) ရက်နေ့မှ (၂၅) ရက်နေ့အထိ သျှမ်းပြည်နယ်နေရာအနှံ့အပြား၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်းနှင့်သျှမ်းပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားသော ကားလမ်းမကြီးအချို့ ရေကြီးရေလျှံမှုဖြစ်ကာ သွားလာရန် ခက်ခဲနေသည်။

 

တောင်ကြီး-ရပ်စောက်-အင်တော-ကျောက်ဂူ လမ်းပိုင်းအတွင်း ကားလမ်းမကြီးပေါ် ရေကျော်မှုဖြစ်ကာ ဩဂုတ်လ(၂၅)ရက်နေ့ ယမန်နေ့က ကားများပိတ်မိခဲ့သည်ဟုဆိုသည်။

 

“ မနေ့က အင်တော-ရပ်စောက်လမ်း ဇော်ဂျီနားမှာ ရေအရမ်းတက်ပြီးတော့ ကားတွေ ၃ နာရီလောက်ပိတ်ပြီး ရပ်စောင့်ခဲ့ရတယ်။ မိုး (၅) ရက်လောက် ဆက်တိုက်ရွာထားတော့ ရေအရမ်းတက်ပြီး သွားဖို့လာဖို့ ခက်နေတာပါ။ ရပ်စောက်-တောင်ကြီးကြားက လူရိုးတောင်ရွာနားမှာလည်း မနေ့က နေ့လည်ပိုင်းလောက်မှာ လမ်းပေါ်ရေကျော်ပြီး ကားငယ်တွေသွားလို့တောင်မရဘူး။ မိုးဆက်တိုက်ရွာရင် ဒီလမ်းက သွားရတာအဆင်မပြေဘူးဗျ။” ဟု ကျောက်မဲ-တောင်ကြီး ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

 

ဒါ့အပြင် ကျောက်ဂူ-နမ့်လန်လမ်းသည်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပွတ်ထနေပြီး အိမ်စီးကားများ သွားလာရန်ခက်ခဲနေသည်ဟုသိရသည်။ မိုးရာသီအတွင်း အဆိုပါလမ်းများတွင် ခရီးသွားမည်ဆိုပါက ရာသီဥတုအခြေအနေနှင့် လမ်းခရီးအခြေအနေအား ကြိုတင်စုံစမ်းပြီးမှ သွားလာရန် လိုအပ်သည်။