KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုးကုတ်−မိုးမိတ် ပြန်ပေးလိုက်ရတဲ့အပေါ် နစ်နာသူတွေကို TNLA မှ ဗိုလ်ချုပ်တားဘုန်းကျော် တောင်းပန် ကျည်နဲ့ဘတ်ဂျက်မရှိ သေစရာလူလည်းနည်းလာတော့ စစ်တပ်နဲ့ အပစ်ရပ်ရတယ်လို့ဆို

မိုးကုတ်−မိုးမိတ် ပြန်ပေးလိုက်ရတဲ့အပေါ် နစ်နာသူတွေကို TNLA မှ ဗိုလ်ချုပ်တားဘုန်းကျော် တောင်းပန် ကျည်နဲ့ဘတ်ဂျက်မရှိ သေစရာလူလည်းနည်းလာတော့ စစ်တပ်နဲ့ အပစ်ရပ်ရတယ်လို့ဆို

Hsan Loi Editor
02/12/2025
Share:
၁၀၂၇ စစ်ဆင်ရေးအတွင်းက TNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းသိမ်း ပိုက်ထားတဲ့ မိုးကုတ်−မိုးမိတ် ပြန်ပေးလိုက်ရတဲ့အပေါ် တကယ်ပေးဆပ်နစ်နာသူတွေအတွက် တောင်းပန်ပါတယ်လို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ယမန်နေ့က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ကျည်မရှိ ဘတ်ဂျက်မရှိတဲ့အပြင် သေစရာလူလည်းနည်းလာတဲ့အတွက် မိုးကုတ်−မိုးမိတ် နဲ့ ညှိပြီး စစ်တပ်နဲ့ အပစ်ရပ်ရတယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် TNLA ရဲ့ နိုင်ငံရေးပန်းတိုင်တစ်ခုဟာ မိုးကုတ်မြို့ကို တအာင်းဒေသထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်ပြီး တအာင်းလူမျိုးလက်ထဲ ပြန်ရောက်ရမယ်လို့ ရည်မှန်းထားကာ ကံမကုန် သေးရင်တော့ ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲလို့ ယုံကြည်တယ်လို့ ရေးသားထားပါတယ်။
“အခုတော့ လက်ထဲရောက်တဲ့ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်၊ သစ္စာဖောက်လို့ ပြောသူတွေကို တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်တယ်” လို့ ဆိုထားပါတယ်။
နွေဦးတော်လှန်ရေး ၃နှစ် ၄ နှစ် ကာလအတွင်း ရဲဘော်အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့ပြီး လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့တယ်လို့ သူကပြောပါတယ်။
“မင်းတို့ကို ကျွေးခဲ့လို့ လူဖြစ်လာတဲ့သူတွေ မိုးကုတ်ကို ပြန်သိမ်းတာ မြင်ချင်တယ်” လို့ ဗိုလ်ချုပ် တားဘုန်းကျော်က ရေးသားပြောဆိုထားပါတယ်။
တရုတ်ကြားဝင်မှုဖြင့် စစ်တပ်နဲ့ TNLA တို့ အပစ်ရပ်စဲပြီး မိုးကုတ်နဲ့ မိုးမိတ်ကို စစ်တပ်ထံ ပြန်ပေးဖို့ TNLA က သဘောတူကြောင်း ကြေညာခဲ့ကာ နိုဝင်ဘာ လကုန်ပိုင်းက TNLA ရဲ့ လုံခြုံရေး အကူအညီနဲ့ စစ်တပ်စစ်ကြောင်းကို မိုးကုတ်မြို့ထဲသို့ ခေါ်သွင်းလာခဲ့တာဖြစ်ပါတယ်။
မိုးကုတ်မြို့ထဲကို စစ်တပ်စစ်ကြောင်း ဝင်လာပြီးတဲ့ညမှာပဲ မိုးကုတ်−မိုးမိတ် သွားလမ်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။